Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ဧဇရမှတ်စာ 6:21 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

21 ဖမ်းခေါ်​သွား​ခြင်း​ခံရ​ရာ​မှ ပြန်​ရောက်လာ​သော​အစ္စရေး​အမျိုးသား​တို့​နှင့်အတူ အစ္စရေး​လူမျိုး​၏​ဘုရားသခင်​ထာဝရဘုရား​ကို ကိုးကွယ်​ရန် မိမိကိုယ်ကို တစ်ပါးအမျိုးသား​တို့​၏​ညစ်ညူး​ခြင်း​မှ ကင်းစင်​စေ​သော​သူ​အပေါင်း​တို့​သည် ထို​အသား​ကို စား​ကြ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

21 ထို​ယဇ်​ကောင်​တို့​၏​အ​သား​ကို​ပြည်​နှင်​ဒဏ် သင့်​ရာ​မှ​ပြန်​လာ​သူ ဣ​သ​ရေ​လ​အ​မျိုး​သား တို့​နှင့်​တ​ကွ​ထို​ဒေ​သ​တွင်​နေ​ထိုင်​လျက်​ရှိ သော​သူ​တို့​၏​ရုပ်​တု​ကိုး​ကွယ်​မှု​ကို​စွန့်​လွှတ် ကြ​သူ​များ​နှင့် ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​ကို​ကိုး​ကွယ်​ရန်​လာ​ကြ​သူ အ​ပေါင်း​တို့​သည်​စား​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

21 သိမ်း​သွား​ခြင်း​ကို​ခံ​သော လူ​စု​ထဲ​က ထွက်​လာ​သော ဣ​သ​ရေ​လ​အ​မျိုး​သား​များ၊ ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို ရှာ​လို​သော​ငှာ၊ တစ်​ပါး​အ​မျိုး​သား နေ​ရာ​အ​ရပ်​အ​ညစ်​အ​ကြေး​ကို ပယ်​ရှား​သော သူ​များ​အ​ပေါင်း​တို့​သည် ပ​သ​ခါ​ပွဲ​ကို​စား၍၊

အခန်းကိုကြည့်ပါ။ ကော်ပီ




ဧဇရမွတ္စာ 6:21
13 ပူးပေါင်းရင်းမြစ်များ  

ဤ​လူ​အပေါင်း​တို့​သည် သန့်ရှင်းရာဌာန​၏​သန့်ရှင်း​ခြင်း​နည်း​အတိုင်း​မ​ဟုတ်​သော်လည်း သူ​တို့​၏​ဘိုးဘေး​တို့​ဘုရားသခင်​ထာဝရဘုရား​ဖြစ်​တော်မူ​သော​ဘုရားသခင်​ကို​ရှာ​ရန် စိတ်ပိုင်းဖြတ်​ထား​သည်​ဖြစ်​၍ သူ​တို့​၏​အပြစ်​ကို ဖြေလွှတ်​တော်မူ​ပါ​”​ဟု သူ​တို့​အတွက် ဆုတောင်း​ပေး​သောကြောင့်​ဖြစ်​၏​။


ထို့နောက်တွင် အကြီးအကဲ​တို့​သည် ငါ့​ထံ​လာ​၍ “​အစ္စရေး​ပြည်သား​များ​၊ ယဇ်ပုရောဟိတ်​များ​အပါအဝင် လေဝိ​သား​တို့​သည် စက်ဆုပ်ရွံရှာဖွယ်​အမှု​ကို​ပြု​သော​ပြည်သားရင်း​များ​ဖြစ်​သည့် ခါနာန်​လူမျိုး​၊ ဟိတ္တိ​လူမျိုး​၊ ဖေရဇိ​လူမျိုး​၊ ယေဗုသိ​လူမျိုး​၊ အမ္မုန်​လူမျိုး​၊ မောဘ​လူမျိုး​၊ အီဂျစ်​လူမျိုး​၊ အာမောရိ​လူမျိုး​တို့​နှင့် ကင်းရှင်း​စွာ​မ​နေ​ကြ​။


ကိုယ်တော်​၏​အစေအပါး​ပရောဖက်​များ​အားဖြင့် ကိုယ်တော်​က ‘​သင်​တို့​ဝင်ရောက်​သိမ်းပိုက်​မည့်​ပြည်​သည် ပြည်သား​တို့​၏​မစင်ကြယ်​ခြင်း​နှင့် သူ​တို့​၏​စက်ဆုပ်​ရွံရှာဖွယ်​ရာ​များ​ဖြင့် ပြည်​တစ်ပြည်လုံး​ကို ပြည့်​စေ​ခြင်း​တို့​ကြောင့် ညစ်ညူး​သော​ပြည်​ဖြစ်​၏​။


ကျန်​ပြည်သူပြည်သား​များ​၊ ယဇ်ပုရောဟိတ်​များ​၊ လေဝိ​အမျိုး​များ​၊ တံခါးစောင့်​များ​၊ သီချင်းသည်​များ​၊ ဗိမာန်တော်​အစေခံ​များ​၊ ဘုရားသခင်​၏​ပညတ်တရား​အတွက် ထို​ပြည်သူပြည်သား​တို့​နှင့်​ကင်းရှင်း​စွာ​နေ​သော​သူ​အပေါင်း​နှင့် သူ​တို့​၏​မယား​များ​၊ သား​သမီး​များ​၊ သိ​နားလည်​သော​သူ​အပေါင်း​တို့​သည်


အစ္စရေး​အမျိုးအနွယ်​တို့​သည် တိုင်းတစ်ပါးသား​တို့​နှင့် ခပ်ခွာခွာ​နေ​၍ ရပ်​လျက် မိမိ​တို့​အပြစ်​၊ ဘိုးဘေး​တို့​၏​အပြစ်​များ​ကို ဝန်ချတောင်းပန်​ကြ​၏​။


ကိုယ်တော်​၏​သက်သေခံချက်​တို့​သည် အပြည့်အဝ​ယုံကြည်​စိတ်ချ​ရ​ပါ​၏​။ အို ထာဝရဘုရား​၊ သန့်ရှင်း​ခြင်း​သည် ကိုယ်တော်​၏ အိမ်​တော်​ကို အစဉ်အမြဲ​တင့်တယ်​စေ​ပါ​၏​။


ထွက်သွား​ကြ​။ ထွက်သွား​ကြ​။ ထို​အရပ်​မှ ထွက်ခွာ​သွား​ကြ​။ မစင်ကြယ်​သော​အရာ​ကို မ​ထိ​ကြ​နှင့်​။ ထို​အရပ်​မှ ထွက်ခွာ​သွား​ကြ​လော့​။ ထာဝရဘုရား​၏​တဲ​တော်​တန်ဆာပလာ​များ​ကို ထမ်း​သော​သူ​တို့​၊ သန့်ရှင်းစင်ကြယ်​ခြင်း​ရှိ​ကြ​လော့​။


သင်​တို့​ကို သန့်ရှင်း​သော​ရေ​နှင့်​ပက်ဖျန်း​သဖြင့် သင်​တို့​သည် စင်ကြယ်​လိမ့်မည်​။ သင်​တို့​၏​အညစ်အကြေး​၊ သင်​တို့​၏​ရုပ်တုဆင်းတု​ရှိသမျှ​တို့​မှ​လည်း သင်​တို့​ကို စင်ကြယ်​စေ​မည်​။


“ထို့ကြောင့် ထို​သူ​တို့​အထဲမှ ထွက်​၍ သီးခြား​နေ​ကြ​လော့”​ဟု ထာဝရ​ဘုရား​မိန့်​တော်မူ​၏။ “ညစ်ညူး​သော​အရာ​ကို မ​တို့​မ​ထိ​နှင့်။ ထိုသို့​ပြု​လျှင် ငါ​သည် သင်​တို့​ကို​လက်ခံ​၍


ချစ်​ရ​သော​သူ​တို့၊ ငါ​တို့​၌ ဤသို့​သော ကတိ​တော်​များ​ရှိ​ကြ​သောကြောင့် ကိုယ်ကာယ​နှင့်​စိတ်​ဝိညာဉ်​တို့​၏​အညစ်အကြေး​ရှိသမျှ​တို့​မှ မိမိတို့ကိုယ်ကို​စင်ကြယ်​စေ​၍ ဘုရားသခင်​ကို​ကြောက်ရွံ့​ခြင်း​အားဖြင့် မြင့်မြတ်​သန့်ရှင်း​ခြင်း​နှင့်​ပြည့်စုံ​ကြ​ကုန်စို့။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ