ဧဇရမှတ်စာ 6:18 - မြန်မာ့စံမီသမ္မာကျမ်18 ထို့နောက် မောရှေ၏ပညတ်တရားကျမ်း၌ရေးထားသည့်အတိုင်း ဂျေရုဆလင်မြို့တွင် ဘုရားသခင်၏အမှုတော်ကိုထမ်းဆောင်ရန် ယဇ်ပုရောဟိတ်အုပ်စု၊ လေဝိအုပ်စုတို့ကို ခန့်ထားလေ၏။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version18 သူတို့သည်မောရှေ၏ကျမ်းတွင်ပါရှိသည့် ညွှန်ကြားချက်များအတိုင်း ယေရုရှလင် မြို့ဗိမာန်တော်တွင်ကိုးကွယ်ဝတ်ပြုမှု အတွက် ယဇ်ပုရောဟိတ်များနှင့်လေဝိ အနွယ်ဝင်များအားအလှည့်ကျခွဲထား သောတာဝန်ကိုပေးအပ်ကြလေသည်။ အခန်းကိုကြည့်ပါ။Judson Bible in Zawgyi Version18 မောရှေကျမ်းစာ၌ ပါသည်အတိုင်း၊ ယေရုရှလင်မြို့၌ ဘုရားဝတ်ကို ပြုစေခြင်းငှာ၊ ယဇ်ပုရောဟိတ် အသီးအသီးတို့ကိုလည်းကောင်း၊ သင်းဖွဲ့သော လေဝိသားတို့ကိုလည်းကောင်း ခန့်ထားကြ၏။ အခန်းကိုကြည့်ပါ။ |
ယဇ်ပုရောဟိတ်တို့သည် မိမိတို့တာဝန်ကျရာနေရာတွင် ရပ်နေရ၏။ လေဝိအမျိုးတို့ကလည်း ဒါဝိဒ်မင်းကြီးရေးဖွဲ့ခဲ့သော ထာဝရဘုရားအားချီးမွမ်းခြင်းသီချင်းကို ထာဝရဘုရားထံ ချီးမွမ်းသီဆိုရန် တူရိယာများဖြင့် ရပ်နေကြ၏။ သူတို့က “ကိုယ်တော်၏မေတ္တာကရုဏာတော်သည် အစဉ်အမြဲတည်ပါ၏”ဟု သီဆိုသောအခါ မျက်နှာချင်းဆိုင်တွင်ရပ်နေသော ယဇ်ပုရောဟိတ်တို့သည် တံပိုးများကိုမှုတ်ကြ၏။ အစ္စရေးလူမျိုးအပေါင်းတို့မူကား မတ်တတ်ရပ်လျက်နေကြ၏။