Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ဧဇရမှတ်စာ 5:16 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

16 ရှေရှဗာဇာ​လည်း ဂျေရုဆလင်​မြို့​သို့​ရောက်လာ​၍ ဘုရားသခင်​၏​အိမ်​တော်​ကို အုတ်မြစ်ချ​၏​။ ထို​အချိန်​ကစ၍ တည်ဆောက်​ရာ ယခု​ထိ မ​ပြီးစီး​သေး​ပါ’​ဟု အကျွန်ုပ်​တို့​အား ပြန်ဖြေ​ပါ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

16 သို့​ဖြစ်​၍​ရှေ​ရှ​ဗာ​ဇာ​သည်​လာ​ရောက်​ပြီး နောက် ဗိ​မာန်​တော်​အုတ်​မြစ်​ကို​ချ​ပါ​၏။ ထို ဗိ​မာန်​တော်​တည်​ဆောက်​မှု​မှာ ယ​နေ့​တိုင် ဆက်​လက်​လုပ်​ကိုင်​လာ​ခဲ့​သော်​လည်း​မ​ပြီး ပြတ်​သေး​ပါ' ဟု​ပြန်​လည်​ပြော​ကြား ကြ​ပါ​သည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

16 ထို​ရှေ​ရှ​ဗာ​ဇာ​သည် လာ၍ ယေ​ရု​ရှ​လင်​မြို့၏ ဘု​ရား​အိမ်​တော်​အ​မြစ်​ကို ချ​ထား​သ​ဖြင့်၊ ထို​အ​ချိန်​မှ​စ၍ ယ​ခု​တိုင်​အောင် ငါ​တို့​သည်​တည်​လုပ်​လျက် လက်​စ​မ​သတ်​သေး​ဟု ပြန်​ပြော​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဧဇရမွတ္စာ 5:16
11 ပူးပေါင်းရင်းမြစ်များ  

ထာဝရဘုရား​၏​ဗိမာန်တော်​တည်ဆောက်​သော​သူ​တို့​သည် အုတ်မြစ်​ကို​ချ​သောအခါ ဝတ်စုံ​ဝတ်ဆင်​ထား​သော​ယဇ်ပုရောဟိတ်​တို့​သည် တံပိုးခရာ​ကို​ကိုင်​လျက်​၊ အာသပ်​၏​သား​လေဝိ​အမျိုး​တို့​သည်​လည်း လင်းကွင်း​များ​ကို​ကိုင်​လျက် အစ္စရေး​ဘုရင်​ဒါဝိဒ်​မင်းကြီး​လက်ထက်​က​အတိုင်း​နေရာယူ​၍ ထာဝရဘုရား​ကို​ချီးမွမ်း​ကြ​သည်​မှာ


သူ​တို့​သည် ဂျေရုဆလင်​မြို့​ရှိ ဘုရားသခင်​၏​အိမ်​တော်​သို့​ရောက်လာ​ပြီး ဒုတိယ​နှစ်​၊ ဒုတိယ​လ​တွင် ရှာလသေလ​သား ဇေရုဗဗေလ​၊ ယောဇဒက်​သား ယေရွှာ​မှစ၍ ကျန်ရှိ​သော သူ​တို့​၏​ညီအစ်ကို​များ​၊ ယဇ်ပုရောဟိတ်​နှင့် လေဝိ​အမျိုး​များ​၊ သုံ့ပန်း​အဖြစ်​ပါသွား​၍ ဂျေရုဆလင်​မြို့​သို့​ပြန်လာ​သော​သူ​များ​အားလုံး​တို့​သည် အိမ်​တော်​ကို စတင်​တည်ဆောက်​ကြ​၏​။ အသက်​နှစ်ဆယ်​အရွယ်​နှင့်​အထက်​လေဝိ​အမျိုး​တို့​ကို အိမ်​တော်​တည်ဆောက်​ရာ​တွင် ကြီးကြပ်​သူ​များ​အဖြစ် ခန့်ထား​ကြ​၏​။


ဂျေရုဆလင်​ဗိမာန်တော်​မှ သိမ်းယူ​၍ ဘေဘီလုံ​ဗိမာန်​သို့ နေဗုခဒ်နေဇာ​မင်းကြီး ယူဆောင်​လာ​သည့် ရွှေ​ဖလား​၊ ငွေ​ဖလား​စသော ဘုရားသခင်​၏​အိမ်​တော်​အသုံးအဆောင်​များ​ကို ကုရု​မင်းကြီး​သည် ဘေဘီလုံ​ဗိမာန်​မှ​ထုတ်​၍ ဘုရင်ခံ​အဖြစ် ခန့်အပ်​ခြင်း​ခံရ​သော ရှေရှဗာဇာ​ထံသို့ ပေးအပ်​ပြီး


“ဤ​အသုံးအဆောင်​တို့​ကို​ယူ​၍ ဂျေရုဆလင်​မြို့​ရှိ ဗိမာန်တော်​၌ ပြန်ထား​လော့​။ ဘုရားသခင်​၏​အိမ်​တော်​ကို​လည်း မူလနေရာ​၌ ပြန်လည်​တည်ဆောက်​လော့”​ဟု မှာလိုက်​၏​။


ထိုအခါ ရှာလသေလ​၏​သား ဇေရုဗဗေလ​နှင့် ယောဇဒက်​၏​သား​ယေရွှာ​တို့​သည် ဂျေရုဆလင်​မြို့​ရှိ ဘုရားသခင်​၏​အိမ်​တော်​တည်ဆောက်​ခြင်း​အမှု​ကို ပြန်လည်​အစပြု​ကြ​လေ​၏​။ ဘုရားသခင်​၏​ပရောဖက်​တို့​သည်​လည်း သူ​တို့​နှင့်အတူ​ပါရှိ​ပြီး ကူညီ​ကြ​၏​။


ဤသို့ဖြင့် ဒါရိ​မင်းကြီး​နန်းစံ ဆဋ္ဌမ​နှစ်​၊ အာဒါ​လ​၊ သုံး​ရက်​နေ့​တွင် အိမ်​တော်​ကို တည်ဆောက်​ပြီးစီး​ခဲ့​၏​။


ယနေ့​မှစ၍ သင်​တို့ နှလုံးသွင်း​ဆင်ခြင်​ကြ​လော့​။ ထာဝရဘုရား​၏​ဗိမာန်​တော်​ကို အုတ်မြစ်ချ​သော​နေ့​၊ နဝမ​လ နှစ်ဆယ့်​လေး​ရက်​နေ့​မှစ၍ သင်​တို့ နှလုံးသွင်း​ဆင်ခြင်​ကြ​လော့​။


သေးငယ်​သော​အမှု​များ​ပြု​သော​နေ့ရက်​ကို မည်သူ မထီမဲ့မြင်ပြု​သနည်း​။ သို့သော် မြေ​တစ်ပြင်လုံး​ကို လှည့်လည်​ကြည့်ရှု​လျက်​နေ​သော ထာဝရဘုရား​၏​မျက်လုံး​တော်​ခုနစ်​လုံး​သည် ဇေရုဗဗေလ​လက်​ထဲမှ ချိန်သီးတုံး​ကို​မြင်​သောအခါ ဝမ်းမြောက်​ကြ​၏​”​ဟု မိန့်ဆို​၏​။


“ဇေရုဗဗေလ​ကိုယ်တိုင် ဤ​အိမ်​တော်​ကို အုတ်မြစ်ချ​ခဲ့​ပြီ​။ သူ​ကိုယ်တိုင်​ပင် အပြီးတိုင် ဆက်လက်​တည်ဆောက်​လိမ့်မည်​။ သို့မှ ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​သည် ငါ့​ကို သင်​တို့​ထံသို့ စေလွှတ်​တော်မူ​ကြောင်း​ကို သင်​တို့ သိ​ရ​ကြ​လိမ့်မည်​။


ဂျူး​လူမျိုး​တို့​က​လည်း “ဤ​ဗိမာန်​တော်​ကို​တည်ဆောက်​ရန် လေးဆယ့်​ခြောက်​နှစ်​ကြာ​၏။ သင်​မူကား ၎င်း​ကို သုံး​ရက်​အတွင်း​တည်ဆောက်​မည်​လော”​ဟု ဆို​ကြ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ