Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ဧဇရမှတ်စာ 4:5 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

5 ပါးရှား​ဘုရင်​ကုရု​မင်းကြီး​စိုးစံ​သော​အချိန်​မှစ၍ ပါးရှား​ဘုရင်​ဒါရိ​မင်းကြီး​စိုးစံ​သည့်​အချိန်​အထိ အကြံပေး​အရာရှိ​တို့​ကို ငှားရမ်း​၍ ယုဒ​လူမျိုး​တို့​၏​အစီအစဉ်​ပျက်​အောင် ဖျက်ဆီး​ကြ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

5 ဧ​က​ရာဇ်​မင်း​ကု​ရု​လက်​ထက်​မှ​ဧ​က​ရာဇ် မင်း​ဒါ​ရိ​လက်​ထက်​တိုင်​အောင် သူ​တို့​သည်​ဤ အ​တိုင်း​နှောင့်​ယှက်​ကြ​လေ​သည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

5 ယု​ဒ​အ​မျိုး​သား​တို့၏ အ​ကြံ​ကို ဖျက်​ဆီး​ခြင်း​ငှာ၊ ပေ​ရ​သိ​ရှင်​ဘု​ရင် ကု​ရု​လက်​ထက် ကာ​လ​ပတ်​လုံး​မှ​သည်၊ ပေ​ရ​သိ​ရှင်​ဘု​ရင် ဒါ​ရိ​လက်​ထက်​တိုင်​အောင်၊ ရှေ့​နေ​တို့​ကို ငှား၍​ထား​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဧဇရမွတ္စာ 4:5
9 ပူးပေါင်းရင်းမြစ်များ  

သူ​၏​ခမည်းတော်​အနိစ္စရောက်​သည့်​နောက်ပိုင်း​တွင် သူ့​ကို အကြံပေး​ဖျက်ဆီး​သူ​များ​မှာ အာဟပ်​မင်းမျိုးမင်းနွယ်​သာ​ဖြစ်​သောကြောင့် ထို​သူ​တို့​ကဲ့သို့ပင် ထာဝရဘုရား​ရှေ့​တော်​တွင် မကောင်းမှု​ကို ပြု​၏​။


ဤသို့ဖြင့် ဂျေရုဆလင်​မြို့​ရှိ ဘုရားသခင်​၏​အိမ်​တော်​တည်ဆောက်​ခြင်း​အမှု​ကို ရပ်ဆိုင်း​လိုက်​ရာ ပါးရှား​ဘုရင်​ဒါရိ​မင်းကြီး နန်းစံ​သည့် ဒုတိယ​နှစ်​တိုင်အောင် ရပ်ဆိုင်း​လေ​၏​။


ထိုအခါ ထို​ပြည်သား​တို့​သည် ယုဒ​အမျိုးသား​တို့​ကို စိတ်အားလျော့​စေ​၍ အိမ်​တော်​တည်ဆောက်​ရာ​တွင် အနှောင့်အယှက်​ပေး​ကြ​၏​။


အာရွှေရု​မင်းကြီး​စိုးစံ​ချိန် အစောပိုင်း​တွင် ယုဒ​ပြည်သူ ဂျေရုဆလင်​မြို့သား​တို့​အား စွပ်စွဲ​သော​တိုင်စာ​ကို ရေးပို့​ကြ​၏​။


ဘုရားသခင်​သည် ဂျူး​သက်ကြီးဝါကြီး​တို့​ကို ကြည့်ရှု​စောင်မ​တော်မူ​သဖြင့် ဒါရိ​မင်းကြီး​ထံ​အစီရင်ခံစာ​တင်သွင်း​ပြီး ပြန်စာ​မ​ရ​မ​ချင်း အိမ်​တော်​တည်ဆောက်​ခြင်း​အမှု​ကို ဆက်လက်​လုပ်ဆောင်​ကြ​၏​။


ပါးရှား​နိုင်ငံ​စောင့်​မင်း​သည် နှစ်ဆယ့်​တစ်​ရက်​တိုင်တိုင် ငါ့​ကို​ဆီးတား​နှောင့်ယှက်​ခဲ့​၏​။ ငါ့​ကို ပါးရှား​ဘုရင်​တို့​ထံ၌ ထားခဲ့​သောကြောင့် အထွတ်အမြတ်​မင်းစု​ထဲမှ​တစ်ပါး​ဖြစ်​သော​မိက္ခေလ​သည် ငါ့​ကို လာရောက်​ကူညီ​ခဲ့​ရ​၏​။


ထာဝရဘုရား​ကို ဆန့်ကျင်​ကြံစည်​သူ​၊ ဆိုးဝါး​ယုတ်ညံ့​သော​အကြံ​ကို ပေး​သူ​တစ်ဦး သင့်​အထဲ​မှ ပေါ်လာ​လိမ့်မည်​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ