Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ဧဇရမှတ်စာ 3:9 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

9 ယေရွှာ​အပါအဝင် သူ​၏​သားမြေး​နှင့် သူ​၏​ညီအစ်ကို​များ​၊ ကပ်မျေလ​နှင့် သူ​၏​သားမြေး​များ​၊ ယုဒ​သားမြေး​များ​၊ လေဝိ​အမျိုး ဟေနဒဒ်​သားမြေး​တို့​၏​သားမြေး​များ​နှင့် သူ​တို့​၏​ညီအစ်ကို​များ​သည် ထာဝရဘုရား​၏​အိမ်​တော်​တည်ဆောက်​ရာ​၌ အလုပ်​လုပ်​သော​သူ​များ​ကို အတူတကွ​ကြီးကြပ်​ကြ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

9 လေ​ဝိ​အ​နွယ်​ဝင်​ယော​ရှု​နှင့်​သား​များ (ဟော​ဒ​ဝိ သား​ချင်း​စု​မှ) ကာ​ဒ​မေ​လ​နှင့်​သား​များ​သည် ဗိ​မာန်​တော်​တည်​ဆောက်​မှု​ကို​ကြီး​ကြပ်​ရန် တာ​ဝန်​ယူ​ရာ​တွင် ပါ​ဝင်​ဆောင်​ရွက်​ကြ​လေ သည်။ (သူ​တို့​အား​ဟေ​န​ဒဒ်​သား​ချင်း​စု​မှ လေ​ဝိ​အ​နွယ်​ဝင်​များ​က​အ​ကူ​အ​ညီ ပေး​ကြ​၏။)

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

9 ထို​အ​ခါ ယု​ဒ​အ​မျိုး၊ ယော​ရှု​နှင့် သူ၏​သား​ညီ​များ၊ ကပ်​မျေ​လ​နှင့် သူ၏​သား​များ၊ လေ​ဝိ​အ​မျိုး ဟေ​န​ဒဒ်​သား​များ၊ သူ​တို့​သား​နှင့် ညီ​များ​တို့​သည်၊ ဗိ​မာန်​တော်​ကို တည်​ဆောက်​လုပ်​ဆောင်​သော သူ​တို့​ကို နှိုး​ဆော်​ခြင်း​ငှာ ထ​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဧဇရမွတ္စာ 3:9
6 ပူးပေါင်းရင်းမြစ်များ  

ထို​သူ​တို့​တွင် ထာဝရဘုရား​၏​အိမ်​တော်​နှင့်ဆိုင်သော​အမှု​များ​ကို ကြီးကြပ်ကွပ်ကဲ​သူ အယောက်​နှစ်သောင်းလေးထောင်​၊ အုပ်ချုပ်ရေး​နှင့် တရားစီရင်​ရာ​တာဝန်ယူ​ရ​သူ အယောက်​ခြောက်​ထောင်​၊


လူ​တို့​သည် အလုပ်​လုပ်​ရာ​၌ သစ္စာရှိ​ကြ​၏​။ သူ​တို့​ကို ကြီးကြပ်​ပေး​ဖို့ လေဝိ​အမျိုး မေရာရိ​သားမြေး​ထဲမှ ယာဟတ်​နှင့် ဩဗဒိ​၊ ကောဟတ်​သားမြေး​ထဲမှ ဇာခရိ​နှင့် မေရှုလံ​တို့​ကို ခန့်ထား​၏​။ တူရိယာတီးမှုတ်ကျွမ်းကျင်သူ​လေဝိ​အမျိုးသား​အားလုံး​တို့​သည်​လည်း


လေဝိ​အမျိုး​တွင် ဟောဒဝိ​သားမြေး​မှ​ဆင်းသက်​လာ​သော ယေရွှာ​နှင့် ကပ်မျေလ​သားမြေး ခုနစ်ဆယ့်​လေး​ယောက်​၊


သူ​တို့​သည် ဂျေရုဆလင်​မြို့​ရှိ ဘုရားသခင်​၏​အိမ်​တော်​သို့​ရောက်လာ​ပြီး ဒုတိယ​နှစ်​၊ ဒုတိယ​လ​တွင် ရှာလသေလ​သား ဇေရုဗဗေလ​၊ ယောဇဒက်​သား ယေရွှာ​မှစ၍ ကျန်ရှိ​သော သူ​တို့​၏​ညီအစ်ကို​များ​၊ ယဇ်ပုရောဟိတ်​နှင့် လေဝိ​အမျိုး​များ​၊ သုံ့ပန်း​အဖြစ်​ပါသွား​၍ ဂျေရုဆလင်​မြို့​သို့​ပြန်လာ​သော​သူ​များ​အားလုံး​တို့​သည် အိမ်​တော်​ကို စတင်​တည်ဆောက်​ကြ​၏​။ အသက်​နှစ်ဆယ်​အရွယ်​နှင့်​အထက်​လေဝိ​အမျိုး​တို့​ကို အိမ်​တော်​တည်ဆောက်​ရာ​တွင် ကြီးကြပ်​သူ​များ​အဖြစ် ခန့်ထား​ကြ​၏​။


သူ​၏​ဘေး​တွင် ဟေနဒဒ်​၏​သား​ဗိနွိ​သည် အာဇရိ​အိမ်​မှ​ကွေ့​၍ ထောင့်ချိုး​အထိ နောက်တစ်ပိုင်း​ကို ပြုပြင်​၏​။


လေဝိ​အမျိုး​တွင် ကပ်မျေလ​နှင့် ဟောဒေဝ​သားမြေး​တို့​မှ ဆင်းသက်​လာ​သော ယေရွှာ​သားမြေး ခုနစ်ဆယ့်​လေး​ယောက်​၊


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ