ဧဇရမှတ်စာ 10:2 - မြန်မာ့စံမီသမ္မာကျမ်2 ထိုအခါ ဧလံသားမြေးဖြစ်သော ယေဟေလ၏သားရှေခနိက ဧဇရအား “အကျွန်ုပ်တို့သည် ဤပြည်ရှိတစ်ပါးအမျိုးသား မိန်းမပျိုတို့နှင့်စုံဖက်ခြင်းဖြင့် အကျွန်ုပ်တို့၏ဘုရားသခင်ကို ပြစ်မှားကြပါပြီ။ သို့သော်လည်း အစ္စရေးလူမျိုးတို့အဖို့ မျှော်လင့်စရာရှိပါသေး၏။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version2 ထိုအခါဧလံသားချင်းစုမှယေဟေလ၏ သား ရှေကနိကဧဇရအား``အကျွန်ုပ်တို့သည် လူမျိုးခြားအမျိုးသမီးများနှင့်ထိမ်းမြား စုံဖက်ခြင်းအားဖြင့် ဘုရားသခင်ကိုသစ္စာ ဖောက်ကြပါပြီ။ သို့သော်လည်းဣသရေလ အမျိုးသားတို့အတွက် မျှော်လင့်စရာရှိ ပါသေး၏။- အခန်းကိုကြည့်ပါ။Judson Bible in Zawgyi Version2 ဧလံအမျိုး၊ ယေဟေလသား ရှေကနိကလည်း၊ ငါတို့သည် ကိုယ်ဘုရားသခင်ကို ပြစ်မှား၍၊ ဤပြည်၌နေသော တစ်ပါးအမျိုးသား မိန်းမတို့နှင့် စုံဖက်ကြပြီ။ သို့ရာတွင် ဤအမှုမှာ ဣသရေလအမျိုး မျှော်လင့်စရာ ရှိသေး၏။ အခန်းကိုကြည့်ပါ။ |
ထို့နောက်တွင် အကြီးအကဲတို့သည် ငါ့ထံလာ၍ “အစ္စရေးပြည်သားများ၊ ယဇ်ပုရောဟိတ်များအပါအဝင် လေဝိသားတို့သည် စက်ဆုပ်ရွံရှာဖွယ်အမှုကိုပြုသောပြည်သားရင်းများဖြစ်သည့် ခါနာန်လူမျိုး၊ ဟိတ္တိလူမျိုး၊ ဖေရဇိလူမျိုး၊ ယေဗုသိလူမျိုး၊ အမ္မုန်လူမျိုး၊ မောဘလူမျိုး၊ အီဂျစ်လူမျိုး၊ အာမောရိလူမျိုးတို့နှင့် ကင်းရှင်းစွာမနေကြ။