ဧဇရမှတ်စာ 1:5 - မြန်မာ့စံမီသမ္မာကျမ်5 ထိုအခါ ယုဒအမျိုးနှင့် ဗင်္ယာမိန်အမျိုးတို့၏ဘိုးဘေးအကြီးအမှူးများ၊ ယဇ်ပုရောဟိတ်များ၊ လေဝိအမျိုးများနှင့်တကွ မိမိတို့၏စိတ်ကို ဘုရားသခင်နှိုးဆော်သောသူအပေါင်းတို့သည် ဂျေရုဆလင်မြို့ရှိထာဝရဘုရား၏အိမ်တော်ကို ပြန်လည်တည်ဆောက်ရန် ထ၍သွားကြလေ၏။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version5 ထိုအခါယုဒနှင့် ဗင်္ယာမိန်အနွယ်ဝင်သား ချင်းစုခေါင်းဆောင်များ၊ ယဇ်ပုရောဟိတ်များ၊ လေဝိအနွယ်ဝင်များနှင့် မိမိတို့စိတ်နှလုံး ကိုဘုရားသခင်ပြင်ဆင်တော်မူခြင်းခံကြ ရသူအပေါင်းတို့သည် ယေရုရှလင်မြို့သို့ သွားရောက်၍ ထာဝရဘုရား၏ဗိမာန်တော် ကိုပြန်လည်တည်ဆောက်ရန်အသင့်ပြင်ဆင် ကြကုန်၏။- အခန်းကိုကြည့်ပါ။Judson Bible in Zawgyi Version5 ထိုအခါ ယုဒအဆွေအမျိုးနှင့် ဗင်္ယာမိန်အဆွေအမျိုး သူကြီးများ၊ ယဇ်ပုရောဟိတ်၊ လေဝိသားများနှင့်တကွ၊ ဘုရားသခင် နှိုးဆော်တော်မူသောသူ အပေါင်းတို့သည်၊ ယေရုရှလင်မြို့၌ ရှိတော်မူသော ထာဝရဘုရား၏အိမ်တော်ကို တည်ဆောက်ခြင်းငှာ ထကြ၏။ အခန်းကိုကြည့်ပါ။ |
ယေရမိ၏နှုတ်အားဖြင့် ထာဝရဘုရားမိန့်တော်မူသောစကား ပြည့်စုံစေရန် ပါးရှားဘုရင် ကုရုမင်းကြီး နန်းစံသောပထမနှစ်တွင် ထာဝရဘုရားသည် ပါးရှားဘုရင်ကုရုမင်းကြီး၏စိတ်ကို နှိုးဆော်တော်မူသဖြင့် သူသည် မိမိနိုင်ငံတစ်ဝန်းလုံးသို့ လိုက်လံကြေညာစေ၍ စာဖြင့်လည်း မှတ်တမ်းတင်ထားသောစကားကား ဤသို့ဖြစ်၏။
ဤသို့ဖြင့် ထာဝရဘုရားသည် ရှာလသေလ၏သား ယုဒဘုရင်ခံဇေရုဗဗေလ၏စိတ်ကိုလည်းကောင်း၊ ယောဇဒက်၏သား ယဇ်ပုရောဟိတ်မင်းယောရှု၏စိတ်ကိုလည်းကောင်း၊ ကြွင်းကျန်သောသူအပေါင်း၏စိတ်ကိုလည်းကောင်း လှုံ့ဆော်သဖြင့် သူတို့သည် လာ၍ မိမိတို့၏ဘုရားသခင် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား၏အိမ်တော်ကို တည်ဆောက်ကြ၏။