ယေဇကျေလ 6:6 - မြန်မာ့စံမီသမ္မာကျမ်6 သင်တို့နေထိုင်ရာအရပ်ရပ်ရှိမြို့တို့သည် ဖျက်ဆီးခြင်းခံရမည်။ အထွတ်အမြတ်ထားရာနေရာတို့သည် လူသူကင်းမဲ့ရာဖြစ်မည်။ သင်တို့၏ယဇ်ပလ္လင်သည် ဖျက်ဆီးခံရသဖြင့် ပျက်စီးသွားမည်။ ရုပ်တုတို့သည်လည်း ချိုးဖျက်ခံရသဖြင့် ပြိုပျက်သွားမည်။ နံ့သာပေါင်းပူဇော်ရာယဇ်ပလ္လင်သည်လည်း ခုတ်လှဲခံရမည်။ သင်တို့ပြုလုပ်ထားသောအရာတို့သည် သုတ်သင်ပယ်ရှင်းခြင်းခံရမည်။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version6 ဣသရေလအမျိုးသားတို့၏မြို့အပေါင်း လူသူကင်းမဲ့လျက် ဝတ်ပြုကိုးကွယ်ရာမြင့် သောအရပ်များကိုဖြိုဖျက်သဖြင့် ထိုသူ တို့၏ယဇ်ပလ္လင်များနှင့်ရုပ်တုများသည် ပျက်စီးယိုယွင်း၊ အစိတ်စိတ်အမြွှာမြွှာ ကျိုးပဲ့ကြကုန်လျက် နံ့သာပေါင်းမီးရှို့ရာ ခွက်တို့သည်လည်းကြေမွကာ ထိုသူတို့ပြု လုပ်သမျှသောအရာတို့သည်ပျောက်ပျက် ကုန်လိမ့်မည်။- အခန်းကိုကြည့်ပါ။Judson Bible in Zawgyi Version6 သင်တို့နေရာအရပ်ရပ်၌ ရှိသောမြို့တို့သည် ပြိုပျက်၍၊ မြင့်သော အရပ်တို့သည် လူဆိတ်ညံလျက်၊ ယဇ်ပလ္လင်တို့သည် သုတ်သင်ပယ်ရှင်းလျက်၊ ရုပ်တုဆင်းတု အမျိုးမျိုးတို့သည် ခုတ်လှဲချိုးဖဲ့ခြင်းကိုခံရလျက်၊ သင်တို့လုပ်သော အရာတို့သည် ပျောက်ပျက်လျက် ရှိကြလိမ့်မည်။ အခန်းကိုကြည့်ပါ။ |
ငါသည် တောင်များအတွက် ငိုကြွေးမြည်တမ်းမည်။ စားကျက်တောကြီးများအတွက် ကြေကွဲဝမ်းနည်းမည်။ အကြောင်းမူကား ထိုနေရာတို့ကို မီးလောင်သွားပြီ။ ဖြတ်သန်းသွားလာသောသူတစ်ယောက်မျှမရှိ။ သိုးနွားတို့၏အသံကိုမကြားရ။ ကောင်းကင်ငှက်များ၊ တိရစ္ဆာန်များသည်လည်း အဝေးသို့ထွက်ပြေးသွားကြပြီ။
အစ္စရေးအပြစ်ပြုရာဖြစ်သည့် အာဝင်မြို့ရှိအထွတ်အမြတ်ထားရာနေရာတို့သည် ဖျက်ဆီးခြင်းခံရမည်။ သူတို့၏ယဇ်ပလ္လင်များကိုလည်း ဆူးပင်နှင့် ဆူးလေပင်များက ဖုံးလွှမ်းနေလိမ့်မည်။ ထိုအခါ သူတို့က တောင်များအား “ငါတို့ကို ဖုံးအုပ်ကြပါ” တောင်ကုန်းများအား “ငါတို့အပေါ် ပြိုကျကြပါ”ဟု ဆိုကြလိမ့်မည်။