Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ယေ​ဇ​ကျေ​လ 48:29 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

29 ဤကား အစ္စရေး​အမျိုးအနွယ်​တို့​အား သင်​တို့​ခွဲဝေ​ပေး​ရ​မည့် အမွေ​မြေ​ဖြစ်​၏​။ ဤ​မြေ​သည် သူ​တို့​အပိုင်​မြေ​ဖြစ်​၏​”​ဟု ဘုရားရှင်​ထာဝရဘုရား မိန့်​တော်မူ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

29 အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​က``ဖော်​ပြ​သော​နည်း အ​တိုင်း​ဣ​သ​ရေ​လ​အ​နွယ်​တို့​ပိုင်​ဆိုင်​ခွင့် ရ​စေ​ရန်​မြေ​ယာ​ဝေ​စု​များ​ကို​ခွဲ​ဝေ​သော နည်း​ဖြစ်​သ​တည်း'' ဟု​မိန့်​တော်​မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

29 ဤ​ရွေ့​ကား၊ ဣ​သ​ရေ​လ​အ​မျိုး​အ​နွယ်​တို့ အ​မွေ​ခံ​စ​ရာ​ဖို့ စာ​ရေး​တံ​ချ၍ ဝေ​ရ​သော​မြေ၊ ဤ​ရွေ့​ကား၊ သူ​တို့​ပိုင်း​ခြား၍ နေ​ရ​သော ခ​ရိုင်​အ​သီး​အ​သီး​ဖြစ်​သ​တည်း​ဟု အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယေ​ဇ​ကျေ​လ 48:29
6 ပူးပေါင်းရင်းမြစ်များ  

မြေ​ကို​အမွေ​ခွဲဝေ​သောအခါ သင်​တို့​သည် ထို​မြေ​ထဲမှ မြေ​တစ်ကွက်​ကို သန့်ရှင်း​သော​အလှူ​အဖြစ် ထာဝရဘုရား​အဖို့ ခွဲထား​ရ​မည်​။ ထို​မြေ​သည် အလျား​အတောင်​နှစ်သောင်းငါးထောင်​၊ အနံ​အတောင်​တစ်သောင်း ရှိ​ရ​မည်​။ ထို​မြေ​ပတ်ပတ်လည်​နယ်နိမိတ်​သည်​လည်း သန့်ရှင်း​ရ​မည်​။


မောရှေ​က​လည်း အစ္စရေး​အမျိုးသား​တို့​အား “​ဤသည်ကား အမျိုးအနွယ်​ကိုး​နွယ်​နှင့် အမျိုးအနွယ်​တစ်ဝက်​တို့​အား ပေး​မည်​ဟု ထာဝရဘုရား​မိန့်​တော်မူ​သည့်​အတိုင်း မဲ​ဖြင့်​ခွဲ​၍ သင်​တို့​အမွေဆက်ခံ​ရ​မည့်​မြေ​ဖြစ်​၏​။


“​အစ္စရေး​အမျိုးသား​တို့​အား ဆင့်ဆို​လော့​။ သင်​တို့​သည် ခါနာန်​ပြည်​သို့​ရောက်​သောအခါ အမွေ​အဖြစ် သင်​တို့​ရရှိ​မည့် ခါနာန်​ပြည်​၏​နယ်မြေ​အပိုင်းအခြား​ကား ဤသို့​ဖြစ်​ရ​မည်​။


ယောရှု​လည်း ရှိလော​မြို့​တွင် ထာဝရဘုရား​ရှေ့​တော်​၌ မဲချ​၍ အစ္စရေး​လူမျိုး​တို့​အား မျိုးနွယ်စု​အလိုက် အမွေမြေ​ကို ခွဲဝေ​ပေး​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ