Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ယေ​ဇ​ကျေ​လ 41:7 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

7 အိမ်​တော်​အတွင်း​ပတ်ပတ်လည်​ရှိ အခန်း​များ​သည် အထက်​သို့​ရောက်​လေလေ ပို၍​ကျယ်​လေလေ​ဖြစ်​၏​။ အကြောင်းမူကား အိမ်​တော်​၏​ပုံစံ​သည် အောက်​၌​ကျဉ်း​ပြီး အထက်​သို့​ကျယ်သွား​သောကြောင့် အိမ်​တော်​ပတ်လည်​ရှိ အခန်းငယ်​တို့​သည်​လည်း အထက်​သို့​ရောက်​လေလေ ပို၍​ကျယ်​လေလေ​ဖြစ်​၏​။ အောက်ထပ်​မှ အပေါ်ဆုံး​ထပ်​သို့ တက်သွား​သောအခါ အလယ်​ထပ်​ကို ဖြတ်သွား​ရ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

7 သို့​ဖြစ်​၍​အောက်​ထပ်​မှ​အ​လယ်​ထပ်​သို့ လည်း​ကောင်း၊ အ​လယ်​ထပ်​မှ​အ​ထက်​ထပ် သို့​လည်း​ကောင်း​သွား​လာ​နိုင်​ကြ​၏။ ဗိ​မာန် တော်​နံ​ရံ​ပတ်​လည်​မှ​အ​ခန်း​များ​၏​ရှေ့ တွင်​လှေ​ကား​ကျယ်​နှစ်​ခု​ရှိ​၏။ ထို​အ​ခန်း ရှိ​နေ​ခြင်း​ကြောင့်​ဗိ​မာန်​တော်​နံ​ရံ​များ ၏​ထု​ထည်​ကို​အောက်​ဆုံး​မှ​အ​ထက်​ဆုံး အ​ထိ​တစ်​ညီ​တည်း​ဟု​ထင်​မှတ်​ရ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

7 ထ​ရံ​အ​ခန်း​အောက်​ဆင့်​မှ​သည် ဒု​တိ​ယ​အ​ဆင့်​သို့​လည်း​ကောင်း၊ ဒု​တိ​ယ​အ​ဆင့်​မှ​သည် တ​တိ​ယ​အ​ဆင့်​သို့​လည်း​ကောင်း တက်​သည်​အ​တိုင်း၊ အိမ်​တော်​ထ​ရံ​ပတ်​လည် တစ်​လျှောက်​လုံး ဆက်​ကာ​ဆက်​ကာ ဆုတ်၍၊ အ​ခန်း​နေ​ရာ​သည် အ​စဉ်​အ​တိုင်း ကျယ်​လျက် အ​ဆင့်​ဆင့်​တက်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယေ​ဇ​ကျေ​လ 41:7
4 ပူးပေါင်းရင်းမြစ်များ  

အိမ်​တော်​နံရံ​နှင့်​ကပ်​လျက် အခန်း​များ ပတ်ပတ်လည်​ဆောက်​ထား​၏​။ ထို​အခန်း​များ​ကို အိမ်​တော်​၏​ပင်မဆောင်​နှင့် သန့်ရှင်းရာဌာန​နံရံ​များ​တွင် ပတ်ပတ်လည်​ဆောက်​ထား​၏​။


မြေညီထပ်​ရှိ​ဝင်ပေါက်​မှာ အိမ်​တော်​၏​ယာဘက်​ခြမ်း​တွင်​ရှိ​၏​။ ကြောင်လိမ်လှေကား​ဖြင့် အလယ်ထပ်​၊ တတိယထပ်​တို့​သို့ တက်ရောက်​နိုင်​၏​။


၎င်း​သည် အစေ့​တကာ​တို့​ထက် သေးငယ်​၏။ သို့သော် ကြီးထွား​လာ​သောအခါ​တွင်​မူ အခြား​ဟင်းသီးဟင်းရွက်​ပင်​တို့​ထက် ကြီး​၍ ၎င်း​၏​အကိုင်း​များ​တွင် မိုး​ကောင်းကင်​ငှက်​တို့​သည်​လာ​၍ အသိုက်ဖွဲ့​နေ​နိုင်​လောက်​သော​အပင်​ဖြစ်လာ​၏”​ဟု မိန့်​တော်မူ​၏။


ထို့ကြောင့် ငါ​တို့​သည် ခရစ်တော်​နှင့်ဆိုင်သည့် အခြေခံ​သွန်သင်ချက်​ကို ထားရစ်​ခဲ့​၍ စုံလင်​ရင့်ကျက်​ခြင်း​သို့ တက်လှမ်း​ကြ​ကုန်စို့။ သေ​ခြင်း​နှင့်ဆိုင်သော​အကျင့်​များ​မှ နောင်တရ​ခြင်း၊ ဘုရားသခင်​ကို​ယုံကြည်​ခြင်း၊


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ