ယေဇကျေလ 39:23 - မြန်မာ့စံမီသမ္မာကျမ်
23 အစ္စရေးအမျိုးသားတို့သည် သူတို့ပြုသောအပြစ်ကြောင့် ဖမ်းခေါ်သွားခြင်းခံရကြောင်း လူမျိုးတကာတို့ သိရကြလိမ့်မည်။ အကြောင်းမူကား သူတို့သည် ငါ့အပေါ်သစ္စာမဲ့၍ ငါသည် သူတို့ထံမှမျက်နှာလွှဲသဖြင့် သူတို့ကို ရန်သူတို့လက်သို့ အပ်လိုက်၍ သူတို့အားလုံး ရန်သူ့ဓားကြောင့် သေဆုံးရကြ၏။
အခန်းကိုကြည့်ပါ။ ကော်ပီ
23 ဣသရေလအမျိုးသားတို့သည်ငါ့အား ပြစ်မှားသည့်အပြစ်များကြောင့်ပြည်နှင် ဒဏ်သင့်ရကြကြောင်းကိုလည်း လူမျိုး တကာတို့သိရှိကြလိမ့်မည်။ ငါသည်သူ တို့အားကျောခိုင်းတော်မူ၍ရန်သူတို့ ၏လက်သို့ရောက်စေလျက်စစ်ပွဲတွင်ကျ ဆုံးစေတော်မူခဲ့၏။-
အခန်းကိုကြည့်ပါ။ ကော်ပီ
23 ဣသရေလအမျိုးသားတို့သည် မိမိအမျိုးတို့အပြစ်ကြောင့် သိမ်းသွားခြင်းခံရကြောင်းကို တစ်ပါးအမျိုးသားတို့သည် သိရကြလိမ့်မည်။ ငါ့ကိုပြစ်မှားသောကြောင့်၊ ငါသည် မျက်နှာလွှဲ၍ ရန်သူတို့လက်သို့အပ်သဖြင့်၊ ထိုသူအပေါင်းတို့သည် ဓားဖြင့်လဲ၍ သေရကြပြီ။
အခန်းကိုကြည့်ပါ။ ကော်ပီ