Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ယေ​ဇ​ကျေ​လ 38:20 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

20 ပင်လယ်​ငါး​များ​၊ မိုးကောင်းကင်​ငှက်​များ​၊ တောရိုင်းတိရစ္ဆာန်​များ​၊ မြေ​ပေါ်မှာ​တွားသွားသောသတ္တဝါ​များ​အပါအဝင် ကမ္ဘာမြေ​ပေါ်​ရှိ​လူသား​အားလုံး​တို့​သည် ငါ့​မျက်မှောက်​တွင် တုန်လှုပ်​ကြ​လိမ့်မည်​။ တောင်​များ​လည်း ပြိုကျ​လိမ့်မည်​။ ချောက်ကမ်းပါး​များ​လည်း လဲပြိုကျ​လိမ့်မည်​။ မြို့ရိုး​လည်း မြေ​တိုင်အောင် လဲပြိုကျ​လိမ့်မည်’​ဟု မိန့်​တော်မူ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

20 ကမ္ဘာ​မြေ​ပြင်​ပေါ်​တွင်​ရှိ​သ​မျှ​သော လူ၊ ငါး၊ ငှက်​နှင့်​တိ​ရစ္ဆာန်​များ၊ မြေ​ပေါ်​၌​သွား​လာ လျက်​ရှိ​သော​အ​ခြား​သတ္တ​ဝါ​ကြီး​ငယ် အ​ပေါင်း​တို့​သည် ငါ့​အား​ကြောက်​လန့်​တုန် လှုပ်​ကြ​လိမ့်​မည်။ တောင်​တို့​သည်​ပြို​၍ ကျောက်​ဆောင်​တို့​သည်​ကြေ​မွ​ကာ တံ​တိုင်း ရှိ​သ​မျှ​တို့​သည်​လဲ​ကျ​ပျက်​စီး​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

20 ပင်​လယ်​ငါး၊ မိုး​ကောင်း​ကင်​ငှက်၊ တော​တိ​ရ​စ္ဆာန်​နှင့် မြေ၌​တွား​တတ်​သော​တိ​ရ​စ္ဆာန်၊ မြေ​ပေါ်​မှာ​ရှိ​သော လူ​အ​ပေါင်း​တို့​သည် ငါ့​ရှေ့​မှာ တုန်​လှုပ်​ကြ​လိမ့်​မည်။ တောင်​တို့​သည်​ပြို​လျက်၊ အ​ဇောက်​မြင့်​သော အ​ရပ်​တို့​သည် လဲ​လျက်၊ အ​လုံး​စုံ​သော​အုတ်​ရိုး ပြုတ်​လျက် ရှိ​ကြ​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယေ​ဇ​ကျေ​လ 38:20
9 ပူးပေါင်းရင်းမြစ်များ  

သတ်ဖြတ်မှု​နေ့​ကြီး​၌ ရဲတိုက်​များ​ပြိုလဲ​သောအခါ မြင့်မား​သော​တောင်​၊ အထွတ်အမြတ်​ထား​သော​တောင်ကုန်း ရှိသမျှ​တို့​ပေါ်၌ ချောင်း​ရေ​များ​စီး​မည်​။


ငါ​သည် တောင်ကြီး​၊ တောင်ငယ်​များ​ကို ဖျက်ဆီး​မည်​။ အပင်​ရှိသမျှ​တို့​ကို ခြောက်သွေ့​စေ​မည်​။ မြစ်​များ​ကို ကျွန်း​ဖြစ်စေ​မည်​။ ရေအိုင်​များ​ကို ခန်းခြောက်​စေ​မည်​။


ထို့ကြောင့် တိုင်းပြည်​သည် ငိုကြွေးမြည်တမ်း​လိမ့်မည်​။ ပြည်သူပြည်သား​များ​လည်း ချုံးချုံးကျ​ကုန်​လိမ့်မည်​။ တောရိုင်းတိရစ္ဆာန်​များ​၊ မိုးကောင်းကင်​ငှက်​များ​နှင့် ပင်လယ်​ငါး​များ​ပါ​မ​ကျန် သေကျေ​ကြ​လိမ့်မည်​။


အကြောင်းမူကား တိုက်ပွဲ​၌ ငါ​တို့​သုံး​သော​လက်နက်​များ​သည် သွေးသား​ဇာတိ​နှင့်ဆိုင်သော​လက်နက်​များ​မ​ဟုတ်​ဘဲ ဘုရားသခင်​အားဖြင့် အစွမ်းထက်​သော​လက်နက်​များ​ဖြစ်​ကြ​ပြီး ခံတပ်​များ​ကို​ပင် ဖြိုဖျက်​နိုင်​သည်​သာမက


ကောင်းကင်​သည်​လည်း စာလိပ်​ကို​လိပ်​လိုက်​သကဲ့သို့ ပျောက်လွင့်​သွား​၍ တောင်​နှင့်​ကျွန်း​ရှိသမျှ​တို့​သည် မိမိ​တို့​နေရာ​မှ​ရွေ့​သွား​ကြ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ