Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ယေ​ဇ​ကျေ​လ 32:32 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

32 “ငါ​သည် ဖာရော​မင်းကြီး​နှင့်​သူ​၏​ပြည်သူပြည်သား​အပေါင်း​တို့​ကို မြေကြီးသား​တို့ ကြောက်ရွံ့​အောင်​ပြု​ခဲ့​သော်လည်း နောက်ဆုံး​မှာ သူ​တို့​သည် ဓား​ဖြင့်​အသတ်ခံရ​သော အရေဖျားလှီး​ခြင်း​မခံ​သူ​တို့​နှင့်အတူ လဲလျောင်း​နေ​ရ​လိမ့်မည်​”​ဟု ဘုရားရှင်​ထာဝရဘုရား မိန့်​တော်မူ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

32 ``အီ​ဂျစ်​ဘု​ရင်​သည်​အ​သက်​ရှင်​သူ​တို့​ကို တုန်​လှုပ်​ချောက်​ချား​အောင်​ပြု​ခဲ့​၏။ သို့​ရာ တွင်​သူ​နှင့်​သူ​၏​စစ်​သူ​ရဲ​အ​ပေါင်း​တို့​သည် သုတ်​သင်​ခြင်း​ကို​ခံ​ရ​၏။ စစ်​ပွဲ​တွင်​ကျ​ဆုံး ခဲ့​သော​အ​ရေ​ဖျား​လှီး​မင်္ဂ​လာ​မ​ခံ​သူ​တို့ နှင့်​အ​တူ​မြှုပ်​နှံ​ခြင်း​ကို​ခံ​ရ​လိမ့်​မည်။'' ဤ​ကား​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော် မူ​သော​စ​ကား​ဖြစ်​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

32 အ​သက်​ရှင်​သော သူ​တို့၏​နေ​ရာ၌ သူ​သည် သူ​တစ်​ပါး​တို့​ကို ကြောက်​စေ​သော​အ​ခွင့်​ကို ငါ​ပေး​သော်​လည်း၊ ဖာ​ရော​ဘု​ရင်​နှင့် သူ၏​လူ​အ​လုံး​အ​ရင်း ရှိ​သ​မျှ​တို့​သည် ဓား​ဖြင့် သေ​သော​သူတို့​နှင့်​အ​တူ၊ အ​ရေ​ဖျား​လှီး​ခြင်း​ကို မ​ခံ​သောလူ​တို့​အ​လယ်၌ လဲ၍​နေ​ကြ​လိမ့်​မည်​ဟု အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယေ​ဇ​ကျေ​လ 32:32
13 ပူးပေါင်းရင်းမြစ်များ  

ထို့နောက် သူ​တို့​သည် ခရီးပြု​ကြ​၏​။ ဘုရားသခင်​ကို​ကြောက်ရွံ့ထိတ်လန့်​ခြင်း​သည် သူ​တို့​ပတ်လည်​၌​ရှိ​သော​မြို့​များ​အပေါ်​သို့ ကျရောက်​သဖြင့် ထို​မြို့သား​တို့​သည် ယာကုပ်​၏​သား​တို့​ကို မ​လိုက်​ဝံ့​ကြ​ချေ​။


ဘုရားသခင်​ထံမှ​လာ​မည့်​ဘေးဒုက္ခ​ကို ငါ​ကြောက်​၏​။ ဘုန်း​တော်​ကြောင့် မည်သည့်​အမှု​ကို​မျှ ငါ​မ​ပြု​ဝံ့​ပါ​။


ဒသမ​နှစ်​၊ ဒသမ​လ​၊ တစ်ဆယ့်နှစ်​ရက်​တွင် ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် ငါ့​ထံသို့​ရောက်လာ​၍


တစ်ဖန် ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် ငါ့​ထံသို့​ရောက်လာ​၍


တစ်ဆယ့်တစ်​နှစ်​မြောက်​၊ တတိယ​လ​၊ ပထမ​နေ့​တွင် ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် ငါ့​ထံသို့​ရောက်လာ​၍


သူ​တို့​သည် အရေဖျားလှီး​ခြင်း​မခံ​သော​၊ ဓား​ကို​ခေါင်းအုံး​သဖွယ်​အုံး​ရ​သော​၊ စစ်လက်နက်​များ​နှင့်တကွ မရဏာနိုင်ငံ​သို့​ဆင်းသွား​ရ​သော စစ်သူရဲ​တို့​နှင့်အတူ လဲလျောင်း​ရ​မည်​မ​ဟုတ်​။ ထို​သူ​တို့​သည် မြေကြီးသား​တို့​ကို ထိတ်လန့်တုန်လှုပ်​စေ​ခဲ့​သည်​ဖြစ်၍ အရိုး​ထိ​အပြစ်​စွဲ​သော​သူ​များ ဖြစ်​ကြ​၏​။


အီဂျစ်​ဘုရင်​ဖာရော​မင်းကြီး​သည် ထို​သူ​တို့​ကို​မြင်​သောအခါ ဓား​ဖြင့်​အသတ်ခံရ​သော မိမိ​လူ​အားလုံး​တို့​အတွက်​၊ မိမိ​နှင့်တကွ မိမိ​စစ်သည်​အားလုံး​အတွက် စိတ်သက်သာ​ရာ​ရ​လိမ့်မည်”​ဟု ဘုရားရှင်​ထာဝရဘုရား မိန့်​တော်မူ​၏​။


တစ်ဖန် ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် ငါ့​ထံသို့​ရောက်လာ​၍


ထို့ကြောင့် ထာဝရ​ဘုရား​ကို​ကြောက်ရွံ့​ခြင်း​နှင့်ပတ်သက်​သည့်​အကြောင်း​ကို ငါ​တို့​သိ​သဖြင့် လူ​တို့​ကို​စည်းရုံး​ကြ​၏။ ငါ​တို့​အကြောင်း​သည် ဘုရားသခင်​ရှေ့​တော်​၌ ထင်ရှား​ပြီ​ဖြစ်၍ သင်​တို့​၏​အသိစိတ်​၌​လည်း ထင်ရှား​ပြီ​ဟု ငါ​မျှော်လင့်​၏။


အသက်ရှင်​တော်မူ​သော​ဘုရားသခင်​၏​လက်​တော်​သို့​ကျရောက်​ခြင်း​သည် ကြောက်မက်​ဖွယ်​ကောင်း​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ