ယေဇကျေလ 30:6 - မြန်မာ့စံမီသမ္မာကျမ်6 ထို့ကြောင့် ထာဝရဘုရားက ‘အီဂျစ်ပြည်ကို ထောက်မပေးသူတို့ ကျရှုံးကြလိမ့်မည်။ သူဂုဏ်ယူဝါကြွားရာ သူ၏ခွန်အားလည်း ယုတ်လျော့သွားလိမ့်မည်။ မိဂဒေါလပြည်မှ သုဏေပြည်တိုင်အောင် သူတို့သည် ဓားဘေးဖြင့် သေဆုံးကြလိမ့်မည်’ဟု မိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version6 ထာဝရဘုရားက``မြောက်ဘက်ရှိမိဂ ဒေါလမြို့မှသည်တောင်ဘက်ရှိသုဏေ မြို့တိုင်အောင်အီဂျစ်ပြည်ဘက်မှနေ၍ ခုခံကာကွယ်ကြသူအပေါင်းတို့သည် စစ်ပွဲတွင်ကျဆုံးကြလိမ့်မည်။ အီဂျစ် ပြည်ဂုဏ်ယူဝါကြွားရသောတပ်မတော် သည်ပြိုပျက်သွားလိမ့်မည်။ ဤကားငါ အရှင်ထာဝရဘုရားမိန့်တော်မူသော စကားဖြစ်၏။- အခန်းကိုကြည့်ပါ။Judson Bible in Zawgyi Version6 အဲဂုတ္တုပြည်ကို ထောက်မသောသူတို့သည် လဲ၍သေကြသဖြင့်၊ အဲဂုတ္တုအစွမ်းသတ္တိ၏ ဂုဏ်အသရေသည် ဆုံးလိမ့်မည်။ မိဂဒေါလမြို့မှစ၍ သုဏေမြို့တိုင်အောင် အဲဂုတ္တုပြည်သားတို့သည် ဓားဖြင့်လဲ၍ သေကြလိမ့်မည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။ |