ယေဇကျေလ 3:3 - မြန်မာ့စံမီသမ္မာကျမ်3 “အချင်းလူသား၊ ငါပေးသောစာလိပ်ကိုစားပြီး သင့်ဗိုက်ကိုဖြည့်လော့”ဟု ဆို၏။ ငါသည် ထိုစာလိပ်ကိုစားသောအခါ နှုတ်၌ ပျားရည်ကဲ့သို့ချိုမြိန်၏။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version3 ကိုယ်တော်က``အချင်းလူသားသင့်အား ငါပေးသည့်စာလိပ်ကိုဝမ်းပြည့်အောင်စား လော့'' ဟုမိန့်တော်မူသဖြင့်ငါသည်စား လိုက်သောအခါထိုစာလိပ်သည်ပျားရည် ကဲ့သို့ချို၏။ အခန်းကိုကြည့်ပါ။Judson Bible in Zawgyi Version3 အချင်းလူသား၊ ငါပေးသော ဤစာလိပ်ကို စား၍ ဝမ်းပြည့်စေလော့ဟု မိန့်တော်မူသည်အတိုင်း၊ ငါသည်စား၍ ပါးစပ်၌ပျားရည်ကဲ့သို့ ချို၏။ အခန်းကိုကြည့်ပါ။ |
ခရစ်တော်၏နှုတ်ကပတ်တရားကို သင်တို့၌ ကြွယ်ဝစွာတည်စေ၍ အချင်းချင်းတို့ကို အမျိုးမျိုးသောဉာဏ်ပညာဖြင့်သွန်သင်လျက် သတိပေးဆုံးမကာ ကျေးဇူးတော်ချီးမွမ်းခြင်းနှင့်တကွ ဆာလံသီချင်းများ၊ ဓမ္မသီချင်းများနှင့် ဝိညာဉ်ရေးဆိုင်ရာသီချင်းများကို သင်တို့၏စိတ်နှလုံးနှင့်တကွ ဘုရားသခင်ထံ သီဆိုကြလော့။