Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ယေ​ဇ​ကျေ​လ 3:13 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

13 သတ္တဝါ​တို့​၏​အတောင်ပံ​များ တစ်​ခု​နှင့်​တစ်​ခု​ထိခတ်​သော​အသံ​၊ သတ္တဝါ​တို့​အနား​ရှိ ဘီး​များ​လည်​နေ​သော​အသံ​ကို​လည်း ငလျင်လှုပ်သံ​ကြီး​ကဲ့သို့ ငါ​ကြား​ရ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

13 သတ္တ​ဝါ​လေး​ပါး​တို့​လေ​ထဲ​တွင်​တောင်​ပံ ခတ်​ကြ​သည့်​အ​သံ​ကို​လည်း​ကောင်း၊ ရ​ထား ဘီး​များ​၏​အ​သံ​ကို​လည်း​ကောင်း​ငါ​ကြား ရ​၏။ ထို​အ​သံ​များ​သည်​မြေ​င​လျင်​လှုပ်​သံ နှင့်​တူ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

13 တစ်​ခု​နှင့် တစ်​ခု စပ်​လျက်​ရှိ​သော သ​တ္တ​ဝါ​တို့၏​အ​တောင်​များ မြည်​သံ​ကို​လည်း​ကောင်း၊ သူ​တို့​အ​နား​မှာ ဘီး​များ​မြည်​သံ​ကို​လည်း​ကောင်း၊ ကြီး​စွာ​သော လှုပ်​ရှား​ခြင်း​အ​သံ​ကို​လည်း​ကောင်း ငါ​ကြား​ရ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယေ​ဇ​ကျေ​လ 3:13
6 ပူးပေါင်းရင်းမြစ်များ  

ပိုးစာပင်​ထိပ်ဖျား​မှ စစ်ချီသံ​ကြား​လျှင် အလျင်အမြန်​ထွက်တိုက်​လော့​။ အကြောင်းမူကား ထာဝရဘုရား​သည် ဖိလိတ္တိ​တပ်​ကို တိုက်ခိုက်​ရန် သင့်​ရှေ့​မှ​ကြွ​တော်မူ​ပြီ​”​ဟု မိန့်​တော်မူ​ရာ


တွန်းလှည်း​တစ်ခုစီ​တွင် ကြေးနီ​ဘီး​လေး​ဘီး​စီ​နှင့် ကြေးနီ​ဝင်ရိုး​များ​ပါရှိ​၏​။ ထောက်တိုင်​လေး​တိုင်​သည် အင်တုံ​အောက်​၌ ထောက်ထား​၏​။ ထို​အင်တုံ​ကို​ထောက်ထား​သော​တိုင်​တစ်​တိုင်​စီ​တွင် ကနုတ်ပန်း​များ သွန်းလုပ်​ထား​၏​။


ထို​သတ္တဝါ​တို့​ကို​ကြည့်​နေ​စဉ် မျက်နှာ​လေး​ဖက်​ပါ​သော သတ္တဝါ​တစ်ပါးစီ​တို့​၏​ဘေး​ရှိ မြေ​ပေါ်တွင် ဘီး​တစ်​ဘီး​စီ​ရှိ​နေ​သည်​ကို တွေ့​ရ​၏​။


သူ​တို့​သွား​သောအခါ ရေလှိုင်းပုတ်သံ​ကြီး​ကဲ့သို့​၊ အနန္တတန်ခိုးရှင်​၏​အသံ​ကဲ့သို့ သူ​တို့​၏​တောင်ပံခတ်သံ​ကို ငါ​ကြား​ရ​၏​။ သူ​တို့​သွား​သော​အသံ​သည် စစ်ချီ​သံ​ကဲ့သို့ ဖြစ်​၏​။ သူ​တို့​ရပ်​နေ​သောအခါ အတောင်ပံ​များ​ကို ချ​ထား​၏​။


ထိုအခါ ခေရုဗိမ်​တို့​၏​တောင်ပံခတ်သံ​ကို အနန္တတန်ခိုးရှင်​ဘုရားသခင် မိန့်မြွက်​တော်မူ​သော​စကားသံ​ကဲ့သို့ အပြင်​ဝင်း​တိုင်အောင် ကြား​ရ​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ