ယေဇကျေလ 26:18 - မြန်မာ့စံမီသမ္မာကျမ်18 ယခု သင်ပြိုလဲသောနေ့တွင် ကမ်းရိုးတန်းဒေသတို့သည် ကြောက်ရွံ့တုန်လှုပ်ကြလေပြီ။ သင်ကွယ်ပျောက်သွားသောနေ့တွင် ပင်လယ်ကမ်းရိုးတန်းဒေသတို့သည် ထိတ်လန့်ကြလေပြီဟု သင့်အား ဆိုကြလိမ့်မည်’ဟု မိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version18 ယင်းမြို့ပြိုလဲသောနေ့၌ကမ်းခြေဒေသ တို့သည် တုန်လှုပ်ကြကုန်၏။ ပင်လယ်ထဲရှိကျွန်းများတို့သည်လည်းဤမြို့ ပျက်စီးရပုံကိုမြင်၍ကြောက်လန့်ကြ၏။'' ဟူ၍တည်း။ အခန်းကိုကြည့်ပါ။Judson Bible in Zawgyi Version18 သင်ပြိုလဲသောနေ့တွင် တစ်ကျွန်းတစ်နိုင်ငံအရပ်တို့သည် တုန်လှုပ်၍၊ သင်ကွယ်ပျောက်သောကြောင့် ပင်လယ်၌ရှိသော ကျွန်းများတို့သည် ထိတ်လန့်ကြလိမ့်မည်။ အခန်းကိုကြည့်ပါ။ |
ဘုရားရှင်ထာဝရဘုရားက ‘မရဏာနိုင်ငံသို့ ကျသွားသောနေ့တွင် သူ့အတွက် ငိုကြွေးမြည်တမ်းကြမည်။ နက်ရှိုင်းရာအရပ်၌ သူ့ကို ငါပိတ်ထားမည်။ မြစ်များကို တားဆီးထားသဖြင့် ရေများ ရပ်တန့်နေမည်။ သူ့ကြောင့် လက်ဘနွန်တောင်ကြီး ဝမ်းနည်းပူဆွေးရလိမ့်မည်။ တောထဲရှိသစ်ပင်အားလုံး အားလျော့ကြလိမ့်မည်။