Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ယေ​ဇ​ကျေ​လ 24:2 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

2 “​အချင်း​လူသား​၊ ဤ​နေ့​၊ ဤ​ရက်​ကို အမည်​နှင့်တကွ ရေးမှတ်​လော့​။ ဤ​နေ့ရက်​သည် ဂျေရုဆလင်​မြို့​ကို ဘေဘီလုံ​ဘုရင်​ဝိုင်းရံ​ထား​သော​နေ့​ဖြစ်​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

2 ကိုယ်​တော်​က``အ​ချင်း​လူ​သား၊ ယ​နေ့​နေ့​စွဲ​ကို ရေး​မှတ်​လော့။ အ​ဘယ်​ကြောင့်​ဆို​သော်​ဤ​နေ့ သည်​ယေ​ရု​ရှ​လင်​မြို့​ကို​ဗာ​ဗု​လုန်​မင်း​စ​တင် ဝိုင်း​ရံ​သည့်​နေ့​ဖြစ်​သော​ကြောင့်​တည်း။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

2 အ​ချင်း​လူ​သား၊ ဤ​မည်​သော​နေ့၊ ယ​ခု​နေ့​ရက်​ကို​မှတ်​လော့။ ယ​ခု​နေ့၌ ဗာ​ဗု​လုန်​ရှင်​ဘု​ရင်​သည် ယေ​ရု​ရှ​လင်​မြို့​ကို ဝိုင်း​ထား​စ​ပြု၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယေ​ဇ​ကျေ​လ 24:2
8 ပူးပေါင်းရင်းမြစ်များ  

ဇေဒကိ​မင်းကြီး နန်းစံ​ကိုး​နှစ်​၊ ဒသမ​လ​၊ ဆယ်​ရက်​နေ့​တွင် ဘေဘီလုံ​ဘုရင်​နေဗုခဒ်နေဇာ​မင်းကြီး​သည် မိမိ​စစ်သည်​အပေါင်း​တို့​နှင့်တကွ ဂျေရုဆလင်​မြို့​သို့​စစ်ချီလာ​၍ မြို့ပြင်​၌​စခန်းချ​ကြ​၏​။ မြို့​ပတ်ပတ်လည်​၌ မြေကတုတ်​ကို​ဆောက်​ကြ​၏​။


တစ်ဖန် ထာဝရဘုရား​က ငါ့​အား “​သင်​သည် ကျောက်ပြား​ကြီး​တစ်​ချပ်​ကို​ယူ​၍ ကညစ်တံ​ဖြင့် ‘​မဟေရရှာလလဟာရှဗတ်​’​ဟူ၍ ရေးသား​လော့​။


ယုဒ​ဘုရင်​ဇေဒကိ​မင်းကြီး​နန်းစံ ကိုး​နှစ်​၊ ဒသမ​လ​တွင် ဘေဘီလုံ​ဘုရင်​နေဗုခဒ်နေဇာ​မင်းကြီး​နှင့် သူ​၏​စစ်သည်​အပေါင်း​တို့​သည် ချီတက်​လာ​၍ ဂျေရုဆလင်​မြို့​ကို ဝိုင်းရံ​ထား​လေ​၏​။


ဇေဒကိ​မင်းကြီး​နန်းစံ​ကိုး​နှစ်​၊ ဒသမ​လ​၊ ဆယ်​ရက်​နေ့​တွင် ဘေဘီလုံ​ဘုရင် နေဗုခဒ်နေဇာ​မင်းကြီး​သည် မိမိ​စစ်သည်​အပေါင်း​တို့​နှင့်တကွ ဂျေရုဆလင်​မြို့​သို့ စစ်ချီ​လာ​၍ မြို့​ပြင်​၌ စခန်းချ​ကြ​၏​။ မြို့​ပတ်ပတ်လည်​၌ မြေကတုတ်​ကို​ဆောက်​ကြ​၏​။


နဝမ​နှစ်​၊ ဒသမ​လ​၊ ဆယ်​ရက်​နေ့​တွင် ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် ငါ့​ထံသို့​ရောက်လာ​၍


ငါ​တို့​ဖမ်းခေါ်​သွား​ခြင်း​ခံရ​ပြီး တစ်ဆယ့်နှစ်​နှစ်​မြောက်​၊ ဒသမ​လ​၊ ငါး​ရက်​နေ့​တွင် ဂျေရုဆလင်​မြို့​မှ ထွတ်ပြေး​လွတ်မြောက်​လာ​သူ​တစ်ဦး ငါ့​ထံသို့​ရောက်လာ​၍ “မြို့​တော်​ကြီး​တိုက်ခိုက်​ခံရ​လေ​ပြီ”​ဟု ကြားပြော​လေ​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ