ယေဇကျေလ 21:4 - မြန်မာ့စံမီသမ္မာကျမ်4 ငါ့ဓားကို ဓားအိမ်ထဲမှ ဆွဲထုတ်၍ သင့်အထဲမှ လူဆိုးလူကောင်းမကျန် ငါသုတ်သင်မည်ဖြစ်သောကြောင့် တောင်အရပ်မှမြောက်အရပ်တိုင်အောင် လူအားလုံး သုတ်သင်ခံရလိမ့်မည်။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version4 ယင်းသို့လူဆိုးလူကောင်းမရွေးသုတ်သင် ပစ်ရန် ငါသည်မြောက်အရပ်မှနေ၍တောင် အရပ်သို့တိုင်အောင် ရှိသမျှသောလူတို့ ကိုဓားတော်ဖြင့်စီရင်မည်ဖြစ်ကြောင်း၊- အခန်းကိုကြည့်ပါ။Judson Bible in Zawgyi Version4 ထိုသို့သင်၌ တရားသောသူ၊ မတရားသော သူတို့ကို ပယ်ဖြတ်စရာအကြောင်း ရှိသောကြောင့်၊ ငါ့ဓားသည် တောင်ဘက်မှသည် မြောက်ဘက်သို့တိုင်အောင်၊ ခပ်သိမ်းသောသတ္တဝါတို့ကို ရန်ဘက်ပြု၍ မိမိအိမ်မှ ထွက်ရလိမ့်မည်။ အခန်းကိုကြည့်ပါ။ |
တောင်ဘက်ရှိတောအုပ်အား ‘ထာဝရဘုရား၏စကားကို နားထောင်လော့။ ဘုရားရှင်ထာဝရဘုရားက ကြည့်ရှုလော့။ သင့်ကို မီးရှို့သဖြင့် သင်၌ရှိသောစိမ်းလန်းသောအပင်၊ ခြောက်သွေ့သောအပင် ရှိသမျှတို့ကို မီးလောင်ကျွမ်းလိမ့်မည်။ တောက်လောင်သောမီးသည် မငြိမ်းဘဲ တောင်ဘက်မှ မြောက်ဘက်တိုင်အောင် မြေတစ်ပြင်လုံးကို လောင်လိမ့်မည်။