Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ယေ​ဇ​ကျေ​လ 18:2 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

2 “​အစ္စရေး​ပြည်​နှင့်​ပတ်သက်ပြီး ‘​ဖခင်​တို့​က ချဉ်​သော​စပျစ်သီး​ကို​စား​၍ သား​တို့​က သွား​ကျိန်း​၏​’​ဟု သင်​တို့​ပြောဆို​သော ဤ​စကားပုံ​ကား မည်သို့​နည်း​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

2 ကိုယ်​တော်​က ``မိ​ဘ​တို့​စ​ပျစ်​ချဉ်​သီး​ကို​သုံး​ဆောင်​ခြင်း ကြောင့်၊ သား​သ​မီး​များ​သွား​ကျိန်း​ရ​ကြ​၏'' ဟူ​သော​စ​ကား​ပုံ​ကို​ဣ​သ​ရေ​လ​အ​မျိုး သား​တို့ ထပ်​ကာ​ထပ်​ကာ​ပြော​ဆို​နေ​ကြ​ရာ ၌​အ​ဘယ်​သို့​ဆို​လို​သ​နည်း။''

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

2 အ​ဘ​တို့​သည် ချဉ်​သော​စ​ပျစ်​သီး​ကို​စား၍ သား​တို့​သည် သွား​ကျိန်း​လျက်​ရှိ​ကြ၏​ဟု၊ သင်​တို့​သည် ဣ​သ​ရေ​လ​ပြည်​ကို​ရည်​မှတ်၍ စ​ကား​ပုံ​ကို​သုံး​သော​အ​ခါ အ​ဘယ်​သို့​ဆို​လို​သ​နည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယေ​ဇ​ကျေ​လ 18:2
21 ပူးပေါင်းရင်းမြစ်များ  

သင်​တို့​က ‘​သူ​ပြု​ခဲ့​သော​အပြစ်​အတွက် သူ့​သားသမီး​အဖို့ ဘုရားသခင်​သည် သို​ထား​တော်မူ​၏​’​ဟု ဆို​ကြ​သော်လည်း သူ​တို့​သိ​သွား​အောင် ကိုယ်တော်​သည် သူ​တို့​ကို​သာ ပြန်​ပေးဆပ်​စေ​ပါစေ​။


ထို​အရာ​တို့​ကို မ​ပျပ်ဝပ်​မ​ကိုးကွယ်​ရ​။ အကြောင်းမူကား သင်​၏​ဘုရားသခင် ငါ​ထာဝရဘုရား​သည် သဝန်တို​တတ်​သော​ဘုရား​၊ ငါ့​ကို​မုန်း​သော​သူ​တို့​၏​မျိုးဆက် တတိယ​အဆက်​၊ စတုတ္ထ​အဆက်​တိုင်အောင် ဖခင်​တို့​၏​အပြစ်​အတွက် သားမြေး​တို့​ကို ဒဏ်ခတ်​သော​ဘုရား​၊


သင်​တို့​သည် မည်သည့်​အကြောင်း​ကြောင့် ငါ​၏​လူမျိုး​တော်​ကို ချိုးဖဲ့ခြေမွှ​၍ ဆင်းရဲသား​တို့​၏​မျက်နှာ​ကို ကြိတ်​ကြ​ရ​သနည်း​”​ဟု ကောင်းကင်​ဗိုလ်ခြေ​အရှင်သခင်​ထာဝရဘုရား မိန့်​တော်မူ​၏​။


ဂျေရုဆလင်​မြို့​၌ ဟေဇကိ​၏​သား​၊ ယုဒ​ဘုရင်​မနာရှေ​ပြု​ခဲ့​သော​အမှု​ကြောင့် ငါ​သည် သူ​တို့​အား မြေကြီး​ပေါ်ရှိ​တိုင်းနိုင်ငံ​အားလုံး​အတွက် ထိတ်လန့်စရာ​ဖြစ်​စေ​မည်​။


အကျွန်ုပ်​တို့​ဘိုးဘေး​တို့​သည် အပြစ်ပြု​ပြီး သေဆုံး​သွား​ကြ​ပြီ​။ သူ​တို့​၏​အပြစ်ဝန်​ကို အကျွန်ုပ်​တို့ ထမ်း​ရ​ကြ​ပါ​ပြီ​။


“​အချင်း​လူသား​၊ အစ္စရေး​ပြည်​နှင့်​ပတ်သက်၍ ‘​နေ့ရက်​တို့​သာ ကုန်ဆုံး​သွား​ပြီ​။ ဗျာဒိတ်နိမိတ်​တို့​သည် တစ်​ခု​မျှ ဖြစ်မလာ​ပါ​တကား​’​ဟူသော ဆိုရိုးစကား​ကို အဘယ်ကြောင့် ပြောဆို​နေ​ကြ​သနည်း​။


စကားပုံဖွဲ့​တတ်​သူ​တိုင်း​က သင့်​ကို မအေတူ​သမီး​ဟု စကားပုံဖွဲ့​ကြ​လိမ့်မည်​။


“​ပုန်ကန်​တတ်​သော​အမျိုး​အား ‘ဤ​ပုံဥပမာ​သည် မည်သည့်​အရာ​ကို​ဆိုလို​ကြောင်း မ​သိ​သလော​။ ကြည့်ရှု​လော့​။ ဘေဘီလုံ​ဘုရင်​သည် ဂျေရုဆလင်​မြို့​သို့​ရောက်လာ​ပြီး ဘုရင်​နှင့်​အကြီးအကဲ​တို့​ကို ဘေဘီလုံ​မြို့​သို့ ဖမ်းဆီးခေါ်ဆောင်​သွား​ပြီ​။


တစ်ဖန် ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် ငါ့​ထံသို့​ရောက်လာ​၍


သို့သော် သင်​တို့​က ဖခင်​၏​အပြစ်​အတွက် သား​သည် အဘယ်ကြောင့်​မ​ခံရ​သနည်း​ဟူ၍ မေး​ကြ​၏​။ သား​သည် တရားမျှတ​၍​ဖြောင့်မတ်​သော​အမှု​ကို​ပြု​လျက် ငါ​၏​ပြဋ္ဌာန်းချက်​ရှိသမျှ​တို့​ကို လိုက်နာ​စောင့်ထိန်း​သောကြောင့် သူ​သည် အမှန်ပင်​အသက်ချမ်းသာ​ရာ​ရ​လိမ့်မည်​။


ဘုရားရှင်​ထာဝရဘုရား​က ‘ငါ​အသက်ရှင်​သည်​နှင့်အညီ ဤ​စကားပုံ​ကို အစ္စရေး​ပြည်​၌ နောက်တစ်ဖန် ပြောဆို​ရ​တော့​မည်​မ​ဟုတ်’​ဟု မိန့်​တော်မူ​၏​။


အမ္မုန်​အမျိုးသား​တို့​အား ဘုရားရှင်​ထာဝရဘုရား​၏ စကား​တော်​ကို နားထောင်​ကြ​လော့​။ ဘုရားရှင်​ထာဝရဘုရား​က ‘သန့်ရှင်းရာဌာန ညစ်ညူး​သွား​ခဲ့​စဉ်က​၊ အစ္စရေး​ပြည်​ကြီး ဆိတ်သုဉ်း​သွား​ခဲ့​စဉ်က​၊ ယုဒ​အမျိုး ဖမ်းခေါ်​သွား​ခြင်း​ခံရ​စဉ်က သင်​တို့​ဟားတိုက်​ခဲ့​ကြ​သောကြောင့်


ဘုရားရှင်​ထာဝရဘုရား​က “​အချင်း​လူသား​၊ ဤ​အရိုး​တို့​သည် အစ္စရေး​အမျိုးအနွယ် တစ်မျိုးနွယ်လုံး​ဖြစ်​၏​။ သူ​တို့​က ‘​ငါ​တို့​၏​အရိုး​သည် ခြောက်သွေ့​လျက်​ရှိ​၏​။ ငါ​တို့​၏​မျှော်လင့်ချက် ကုန်ဆုံး​ပြီ​။ ငါ​တို့​သည် ဖယ်ထုတ်​ခြင်း​ခံရ​လေ​ပြီ​’​ဟု ပြောဆို​တတ်​ကြ​၏​။


သူ​တို့​အား ‘​ဘုရားရှင်​ထာဝရဘုရား​က ဧဖရိမ်​ကိုင်​ထား​သော ယောသပ်​နှင့် ယောသပ်​၏​အပေါင်းအဖော် အစ္စရေး​အမျိုးအနွယ်​တို့​၏​တုတ်​ယူ​၍ ယုဒ​၏​တုတ်​နှင့် ပူးကိုင်​ထား​ပြီး တစ်​ချောင်း​တည်း​ဖြစ်​စေ​မည်​။ ငါ့​လက်​ထဲတွင် တစ်ချောင်းတည်း​ဖြစ်​မည်​ဟူ၍ မိန့်​တော်မူ​သည်’​ဟု ပြော​လော့​။


ငါ​၏​အစေအပါး​ယာကုပ်​အား ငါ​ပေး​၍ ဘိုးဘေး​တို့​နေထိုင်​ခဲ့​ဖူး​သော​ပြည်​၌ နေထိုင်​ကြ​ရ​လိမ့်မည်​။ သူ​တို့​နှင့် သူ​တို့​၏​သားသမီး​မြေးမြစ်​တို့​သည် ထို​ပြည်​တွင် အစဉ်အမြဲ​နေထိုင်​ကြ​ရ​၍ ငါ​၏​အစေအပါး​ဒါဝိဒ်​သည် သူ​တို့​ကို အစဉ်​အုပ်စိုး​လိမ့်မည်​။


“​အချင်း​လူသား​၊ အစ္စရေး​ပြည်​အား ဘုရားရှင်​ထာဝရဘုရား​က ‘သူ​၏​နိဂုံးချုပ်​ချိန်​သည် ရောက်လာ​ပြီ​။ ပြည်​တစ်ပြည်လုံး နိဂုံးချုပ်​ချိန်​ရောက်​လေ​ပြီ​။


သင်​တို့​အား ငါ​အမှန်​ဆို​မည်။ ဤ​အရာ​အားလုံး​တို့​သည် ဤ​မျိုးဆက်​အပေါ် ကျရောက်​လိမ့်မည်။


သို့သော် အချင်း​လူ၊ သင်​သည် မည်သူ​ဖြစ်​၍ ဘုရားသခင်​ကို ပြန်ခံ​ပြောဆို​သနည်း။ ပုံသွင်း​ခံရ​သော​အရာ​သည် ပုံသွင်း​ပေး​သော​သူ​အား “အဘယ်ကြောင့် ငါ့​ကို ဤသို့​ပြုလုပ်​ခဲ့​သနည်း”​ဟု ပြောဆို​နိုင်​ပါ​မည်​လော။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ