Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ယေ​ဇ​ကျေ​လ 18:16 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

16 မည်သူ့​ကို​မျှ​နိုင်ထက်စီးနင်း​မ​ပြု​၊ အပေါင်ပစ္စည်း​ကို လက်​မ​ခံ​၊ သူတစ်ပါး​ဥစ္စာ​ကို မတရား​မ​ယူ​၊ ဆာလောင်မွတ်သိပ်​သော​သူ​အား စားစရာ​ကို​ပေး​၍ အဝတ်အချည်းစည်း​ဖြစ်​သော​သူ​အား ဝတ်စရာ​ကို​ပေး​လျှင်​၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

16 သူ​တစ်​ပါး​တို့​အား​နှိပ်​စက်​ညှင်း​ဆဲ​မှု​နှင့် သူ တစ်​ပါး​၏​ဥစ္စာ​ကို​အ​နိုင်​အ​ထက်​လု​ယူ​မှု​တို့ ကို​လည်း​မ​ပြု။ သူ​သည်​အ​ပေါင်​ခံ​ပစ္စည်း​များ ကို​လက်​မ​ခံ။ ငတ်​မွတ်​နေ​သူ​ကို​ကျွေး​မွေး​၍ အ​ဝတ်​မဲ့​သူ​အား​အ​ဝတ်​အ​စား​များ​ကို ပေး​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

16 အ​ဘယ်​သူ​ကို​မျှ မ​ညှဉ်း​ဆဲ၊ ပေါင်​ထား​သော ဥ​စ္စာ​ကို​မ​သိမ်း၊ သူ့​ဥ​စ္စာ​ကို အ​နိုင်​အ​ထက်​မ​လု​မ​ယူ၊ ငတ်​မွတ်​သော​သူ​ကို ကျွေး​မွေး​ခြင်း၊ အ​ဝတ်​မ​ရှိ​သော​သူ​ကို အ​ဝတ်​နှင့်​ဖုံး​လွှမ်း​ခြင်း၊

အခန်းကိုကြည့်ပါ။ ကော်ပီ




ယေ​ဇ​ကျေ​လ 18:16
18 ပူးပေါင်းရင်းမြစ်များ  

သင်​သည် ကိုယ့်​ညီအစ်ကို​တို့​၏​အပေါင်ပစ္စည်း​ကို​ပင် အကြောင်းမဲ့​သိမ်းယူ​၍ သူ​တို့​၏​အဝတ်​ကို ချွတ်ယူ​ကာ အဝတ်မပါ​အချည်းစည်း ရှိ​စေ​၏​။


မောပန်း​သူ​ကို ရေ​မ​တိုက်​၊ ဆာလောင်မွတ်သိပ်​သူ​ကို အစာ​မ​ကျွေး​ဘဲ နေ​၏​။


ငါ​သည် ဆင်းရဲသား​တို့ တောင်းဆို​သည်​ကို မဖြည့်ဆည်း​ပေး​ဘဲ မုဆိုးမ​မျက်နှာ​ကို​လည်း ညှိုးငယ်​စေ​ခဲ့​ဖူး​သလော​။


ဝတ်စရာ​မ​ရှိ​၊ ခြုံစရာ​မ​ရှိ​သဖြင့် ဘဝပျက်​နေ​ရ​သည့်​နွမ်းပါး​သူ​တစ်စုံတစ်ဦး​ကို မြင်​ရ​သောအခါ


ငါ့​သိုးမွေးထည်​ဖြင့် သူ့​ကို နွေး​အောင်​မ​လုပ်ပေး​ခဲ့​၍ သူ​၏​ကိုယ်​သည်​လည်း ငါ့​ကို ကျေးဇူး​မ​တင်​ခဲ့​လျှင်​၊


ဆင်းရဲ​သော​သူ​ကို ဂရုပြု​သော​သူ​သည် မင်္ဂလာ​ရှိ​၏​။ ဒုက္ခ​ရောက်​သော​နေ့​၌ ထာဝရဘုရား​သည် သူ့​ကို​လွတ်မြောက်​စေ​တော်မူ​မည်​။


စေတနာ​စိတ်​ရှိ​သော​သူ​သည် မိမိ​၏​အစားအစာ​ကို ဆင်းရဲ​သော​သူ​အား ပေးကမ်း​သောကြောင့် ကောင်းချီးမင်္ဂလာ​ခံစား​ရ​လိမ့်မည်​။


သင့်​ရန်သူ ဆာလောင်မွတ်သိပ်​လျှင် သူ့​ကို​စားစရာ​ပေး​လော့​။ ရေငတ်​လျှင် သူ့​ကို​ရေ​တိုက်​လော့​။


အဖိနှိပ်​ခံရ​သော​သူ​တို့​အတွက် မိမိ​လက်​ကို​ဖြန့်​ပေး​၍ နွမ်းပါး​သော​သူ​တို့​အတွက် မိမိ​လက်​တို့​ကို​ကမ်းပေး​တတ်​၏​။


ဆင်းရဲ​သော​သူ​၊ နွမ်းပါး​သော​သူ​တို့​ကို နိုင်ထက်စီးနင်း​ပြု​ခြင်း​၊ သူတစ်ပါး​ဥစ္စာ​ကို မတရားယူ​၍ အပေါင်ပစ္စည်း​ကို​ပြန်​မ​ပေး​ခြင်း​၊ ရုပ်တု​တို့​ကို​ကိုးကွယ်​ခြင်း​၊ စက်ဆုပ်ရွံရှာဖွယ်​ရာ​တို့​ကို​ပြု​ခြင်း​၊


သူ​သည် တောင်​များ​ပေါ်တွင်​ပူဇော်​သော​အစာ​ကို မ​စား​၊ အစ္စရေး​အမျိုးအနွယ်​၏​ရုပ်တု​တို့​ကို မ​ကိုးကွယ်​၊ မိမိ​အိမ်နီးချင်း​၏​မယား​ကို မ​ပြစ်မှား​၊


မည်သူ့​ကို​မျှ​နိုင်ထက်စီးနင်း​မ​ပြု​၊ ကြွေးယူ​သူ​ပေါင်​ထား​သော​ပစ္စည်း​ကို ပြန်ပေး​၍ သူတစ်ပါး​ဥစ္စာ​ကို မတရား​မ​ယူ​၊ ဆာလောင်မွတ်သိပ်​သော​သူ​အား စားစရာ​ကို​ပေး​၍ အဝတ်အချည်းစည်း​ဖြစ်​သော​သူ​အား ဝတ်စရာ​ကို​ပေး​လျှင်​၊


အကြောင်းမူကား ငါ​သည် ဆာလောင်​သောအခါ သင်​တို့​သည် ငါ့​ကို​စား​စရာ​ပေး​ကြ​၏။ ငါ​သည် ရေငတ်​သောအခါ သင်​တို့​သည် ငါ့​ကို​သောက်​စရာ​ပေး​ကြ​၏။ ငါ​သည် သူစိမ်း​ဧည့်သည်​ဖြစ်​သောအခါ သင်​တို့​သည် ငါ့​ကို​ကြိုဆို​လက်ခံ​ကြ​၏။


ငါ​သည် အဝတ်မပါ​အချည်းစည်း​ဖြစ်​သောအခါ သင်​တို့​သည် ငါ့​ကို​ဝတ်စရာ​ပေး​ကြ​၏။ ငါ​သည် နာမကျန်း​ဖြစ်​သောအခါ သင်​တို့​သည် ငါ့​ကို​ကြည့်ရှု​ကြ​၏။ ငါ​သည် ထောင်​ကျ​သောအခါ သင်​တို့​သည် ငါ့​ထံသို့​လာ​ကြ​၏’​ဟု မိန့်​တော်မူ​လိမ့်မည်။


သို့ဖြစ်၍ အတွင်း​၌​ရှိ​သော​အရာ​များ​ကို ပေးကမ်း​စွန့်ကြဲ​ကြ​လော့။ သို့ပြုလျှင် အရာ​ခပ်သိမ်း​တို့​သည် သင်​တို့​အတွက် စင်ကြယ်​ကြ​လိမ့်မည်။


သို့သော် ဧည့်ခံပွဲ​ကျင်းပ​သောအခါ ဆင်းရဲသား​များ၊ အင်္ဂါ​ချို့တဲ့​သူ​များ၊ ခြေ​မသန်စွမ်း​သူ​များ​နှင့် မျက်မမြင်​များ​ကို ဖိတ်ခေါ်​လော့။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ