Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ယေ​ဇ​ကျေ​လ 17:12 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

12 “​ပုန်ကန်​တတ်​သော​အမျိုး​အား ‘ဤ​ပုံဥပမာ​သည် မည်သည့်​အရာ​ကို​ဆိုလို​ကြောင်း မ​သိ​သလော​။ ကြည့်ရှု​လော့​။ ဘေဘီလုံ​ဘုရင်​သည် ဂျေရုဆလင်​မြို့​သို့​ရောက်လာ​ပြီး ဘုရင်​နှင့်​အကြီးအကဲ​တို့​ကို ဘေဘီလုံ​မြို့​သို့ ဖမ်းဆီးခေါ်ဆောင်​သွား​ပြီ​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

12 ``ဤ​ပုံ​ဥ​ပ​မာ​၏​အ​နက်​အ​ဋ္ဌိပ္ပါယ်​ကို​သိ​ကြ သ​လော​ဟု ထို​ပုန်​ကန်​တတ်​သည့်​သူ​တို့​အား​မေး မြန်း​လော့။ ဗာ​ဗု​လုန်​မင်း​သည်​ယေ​ရု​ရှ​လင်​မြို့ သို့​လာ​၍ ဘု​ရင်​နှင့်​တ​ကွ​မှူး​မတ်​အ​ပေါင်း​တို့ ကို​ဗာ​ဗု​လုန်​မြို့​သို့​ခေါ်​ဆောင်​သွား​သည့်​အ ကြောင်း​ကို​သူ​တို့​အား​ပြော​ပြ​လော့။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

12 ပုန်​ကန်​တတ်​သော အ​မျိုး​အား​သင်​ပြော​ရ​မည်​မှာ၊ ဤ​စ​ကား အ​ဘယ်​သို့​ဆို​လို​သည်​ကို နား​လည်​ကြ​သ​လော။ ဗာ​ဗု​လုန်​ရှင်​ဘု​ရင်​သည် ယေ​ရု​ရှ​လင်​မြို့​သို့​ရောက်၍၊ ယေ​ရု​ရှ​လင်​ရှင်​ဘု​ရင်​နှင့် မှူး​တော်​မတ်​တော်​တို့​ကို ဗာ​ဗု​လုန်​မြို့​သို့ သိမ်း​သွား​ပြီ။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယေ​ဇ​ကျေ​လ 17:12
30 ပူးပေါင်းရင်းမြစ်များ  

ထာဝရဘုရား အမျက်​တော်​ကြောင့် ဂျေရုဆလင်​မြို့​အပါအဝင် ယုဒ​ပြည်​ကို ရှေ့​တော်​မှ​ဖယ်ရှား​လိုက်​သည်​အထိ ဤသို့​ဖြစ်​ရ​ခြင်း ဖြစ်​၏​။ ဇေဒကိ​မင်းကြီး​သည်​လည်း ဘေဘီလုံ​ဘုရင်​ကို ပြန်၍​ပုန်ကန်​၏​။


သင်​တို့​၏​သားမြေး​များ​က ‘​ဤ​အစဉ်အလာ​ကား မည်သို့​ဆိုလို​သနည်း​’​ဟု သင်​တို့​အား မေးမြန်း​ကြ​သောအခါ


အို ကောင်းကင်​၊ နားထောင်​လော့​။ အို မြေကြီး​၊ စူးစိုက်​နားထောင်​လော့​။ ထာဝရဘုရား​က “​ငါ​သည် သားသမီး​တို့​ကို ကျွေးမွေး​ပြုစု​ခဲ့​သော်လည်း သူ​တို့​သည် ငါ့​ကို​ဆန့်ကျင်ပုန်ကန်​ကြ​ပြီ​။


သူရဲကောင်း​နှင့်​စစ်သည်​မှစ၍ တရားသူကြီး​၊ ပရောဖက်​၊ ဂမ္ဘီရပညာ​တတ်မြောက်​သူ​၊ သက်ကြီးဝါကြီး​၊


သင်​မှ​ဆင်းသက်​၍ သင်​ရ​သော​သားသမီး​အချို့​တို့​ကို​လည်း ဖမ်းဆီး​သွား​လိမ့်မည်​။ သူ​တို့​သည် ဘေဘီလုံ​ဘုရင်​၏​နန်းတော်​၌ မိန်းမစိုး​များ​ဖြစ်​ရ​ကြ​လိမ့်မည်​”​ဟု ဆင့်ဆို​လေ​၏​။


ယုဒ​ဘုရင်​ဇေဒကိ​မင်းကြီး​နှင့် သူ​၏​မှူးမတ်​များ​အား သူ​တို့​အသက်​ကို​ရန်ရှာ​သော သူ​တို့​၏​ရန်သူ​ဖြစ်​သည့် ဆုတ်ခွာ​သွား​သော​ဘေဘီလုံ​ဘုရင်​၏​စစ်သည်​တို့​လက်​သို့ ငါ​အပ်လိုက်​မည်​။


ဘေဘီလုံ​ဘုရင်​နေဗုခဒ်နေဇာ​မင်းကြီး​က မင်းမြှောက်​လိုက်​သော ယောရှိ​မင်းကြီး​၏​သား​တော်​ဇေဒကိ​သည် ယောယကိမ်​မင်းကြီး​၏​သား​တော်​ခေါနိ​၏​နေရာ​၌ ယုဒ​ပြည်​ကို စိုးစံ​လေ​၏​။


ထာဝရဘုရား​၏​အမျက်​တော်​ကြောင့် ယုဒ​ပြည်သူ​၊ ဂျေရုဆလင်​မြို့သား​တို့​ကို အထံ​တော်​မှ​မ​နှင်ထုတ်​မီ ယုဒ​ပြည်​၌ ဤသို့​ဖြစ်ပျက်​ခဲ့​၏​။ ဇေဒကိ​မင်းကြီး​သည် ဘေဘီလုံ​ဘုရင်​ကို ပုန်ကန်​သဖြင့်


ယောယခိမ်​မင်းကြီး ဖမ်းခေါ်​သွား​ခြင်း​ခံရ​သော ပဉ္စမ​နှစ်​၊ ထို​လ ငါး​ရက်​နေ့​တွင်


တစ်ဖန် ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် ငါ့​ထံသို့​ရောက်လာ​၍


သင်​သည် သူ​တို့​အား ‘ဘုရားရှင်​ထာဝရဘုရား​က သန်စွမ်း​သော​တောင်ပံ​နှင့် ရှည်လျား​၍​အရောင်အသွေး​စုံ​သော​အမွေး​အမှင်​များ​ရှိ​သည့် လင်းယုန်ငှက်​ကြီး​တစ်​ကောင်​သည် လက်ဘနွန်​တောင်​သို့​လာ​၍ သစ်ကတိုးပင်​ထိပ်ဖျား​တွင် နား​၏​။


အချင်း​လူသား​၊ ငါ့​စကား​ကို နားထောင်​လော့​။ ပုန်ကန်​တတ်​သော​အမျိုး​ကဲ့သို့ မ​ပုန်ကန်​နှင့်​။ သင့်​နှုတ်​ကို​ဖွင့်​ပြီး ငါ​ပေး​သော​အရာ​ကို စား​လော့​”​ဟု မိန့်ဆို​၏​။


ထိုအခါ လူ​တို့​က “​သင်​ဤသို့​ပြု​ခြင်း​သည် အကျွန်ုပ်​တို့​နှင့်​ဆိုင်​သလော​။ ငါ​တို့​အား ပြောပြ​ပါ​လော့​”​ဟု ဆို​သဖြင့်


ကျောက်ချွန်​ထက်​မာ​သော​စိန်​ကဲ့သို့ သင့်​ကို ခေါင်းမာ​စေ​မည်​။ သူ​တို့​သည် ပုန်ကန်​တတ်​သော​အမျိုး​ဖြစ်​သော်လည်း သူ​တို့​ကို မ​ကြောက်​နှင့်​။ သူ​တို့​မျက်နှာ​ထား​ကြောင့် မ​ထိတ်လန့်​နှင့်​”​ဟု ငါ့​အား မိန့်ဆို​၏​။


သင့်​အမျိုးသားချင်း​တို့​က သင့်​အား ‘ဤ​အရာ​သည် မည်သည်​ကို​ဆိုလို​သနည်း​။ သင်​ပြောပြ​နိုင်​မည်လော’​ဟု မေး​လာ​လျှင်


ဤ​အရာ​အားလုံး​ကို သင်​တို့​နားလည်​ကြ​သလော”​ဟု မေး​တော်မူ​၏။ တပည့်​တော်​တို့​က “နားလည်​ပါ​၏”​ဟု ပြန်လျှောက်​ကြ​၏။


မုန့်​နှင့်​ပတ်သက်၍ သင်​တို့​အား ငါ​ပြော​သည်​မ​ဟုတ်​ကြောင်း​ကို အဘယ်ကြောင့် သင်​တို့​နား​မ​လည်​ကြ​သနည်း။ ဖာရိရှဲ​နှင့်​ဇဒ္ဒုကဲ​တို့​၏​တဆေး​ကို​မူကား သတိထား​ကြ​လော့”​ဟု မိန့်​တော်မူ​၏။


ထို့နောက် ကိုယ်တော်​က“ဤ​ပုံ​ဥပမာ​ကို​နား​မ​လည်​ကြ​သလော။ သို့ဖြစ်လျှင် သင်​တို့​သည် ပုံ​ဥပမာ​အားလုံး​ကို မည်ကဲ့သို့​နားလည်​ကြ​မည်နည်း။


သို့သော် ထို​စကား​ကို တပည့်​တော်​တို့​နား​မ​လည်​စေရန် ဖုံးကွယ်​ထား​သဖြင့် သူ​တို့​သည် နား​မ​လည်​ကြ​ချေ။ ထို​စကား​နှင့်​ပတ်သက်၍ ကိုယ်တော်​အား​မေး​ရန်​လည်း သူ​တို့​ကြောက်​ကြ​၏။


ဖိလိပ္ပု​သည်​လည်း ပြေး​သွား​ရာ ထို​သူ​သည် ပရောဖက်​ဟေရှာယ​ကျမ်း​ဖတ်​နေ​သည်​ကို ကြား​သဖြင့် “သင်​ဖတ်​နေ​သော​အရာ​ကို နားလည်​ပါ​သလော”​ဟု မေး​လေ​၏။


နောင်ကာလ​၌ သင်​တို့​၏​သားသမီး​များ​က ‘​အကျွန်ုပ်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​က သင်​တို့​အား​မိန့်မှာ​ထား​သည့် သက်သေခံချက်​၊ ပြဋ္ဌာန်းချက်​၊ စီရင်ထုံးဖွဲ့ချက် တို့​ကား မည်သို့နည်း​’​ဟု မေးမြန်း​သောအခါ


အစ္စရေး​အမျိုးသား​တို့​အား “​နောင်ကာလ​တွင် သင်​တို့​၏​သားမြေး​တို့​က ‘​ဤ​ကျောက်တုံး​များ​ကား မည်သည့်​အဓိပ္ပာယ်​ဆောင်​သနည်း​’​ဟု ဖခင်​အား မေး​ကြ​လျှင်


ဤ​ကျောက်တုံး​တို့​သည် သင်​တို့​အတွက် အမှတ်သင်္ကေတ​ဖြစ်​လိမ့်မည်​။ နောင်ကာလ​၌ သင်​တို့​၏​သားမြေး​တို့​က ‘​ဤ​ကျောက်တုံး​များ​ကား မည်သည့်​အဓိပ္ပာယ် ဆောင်​သနည်း​’​ဟု မေးမြန်း​လျှင်


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ