Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ယေ​ဇ​ကျေ​လ 12:9 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

9 “​အချင်း​လူသား​၊ ပုန်ကန်​တတ်​သော​အမျိုး​ဖြစ်​သော အစ္စရေး​အမျိုးအနွယ်​က သင့်​အား ‘​သင်​ဘာ​လုပ်​နေ​သနည်း​’​ဟု မ​မေး​သလော​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

9 ကိုယ်​တော်​က``အ​ချင်း​လူ​သား၊ ပုန်​ကန်​တတ် သော​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​ယ​ခု သင်​အ​ဘယ်​အ​မှု​ကို​ပြု​လျက်​နေ​သည်​ကို မေး​မြန်း​နေ​ကြ​ပြီ​ဖြစ်​၍။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

9 အ​ချင်း​လူ​သား၊ ပုန်​ကန်​တတ်​သော ဣ​သ​ရေ​လ​အ​မျိုး​က၊ သင်​သည် အ​ဘယ်​သို့​ပြု​သ​နည်း​ဟု သင့်​အား​မေး​သည်​ရှိ​သော်၊

အခန်းကိုကြည့်ပါ။ ကော်ပီ




ယေ​ဇ​ကျေ​လ 12:9
7 ပူးပေါင်းရင်းမြစ်များ  

ထို့နောက် နံနက်အချိန်​၌ ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် ငါ့​ထံသို့​ရောက်လာ​၍


“​ပုန်ကန်​တတ်​သော​အမျိုး​အား ‘ဤ​ပုံဥပမာ​သည် မည်သည့်​အရာ​ကို​ဆိုလို​ကြောင်း မ​သိ​သလော​။ ကြည့်ရှု​လော့​။ ဘေဘီလုံ​ဘုရင်​သည် ဂျေရုဆလင်​မြို့​သို့​ရောက်လာ​ပြီး ဘုရင်​နှင့်​အကြီးအကဲ​တို့​ကို ဘေဘီလုံ​မြို့​သို့ ဖမ်းဆီးခေါ်ဆောင်​သွား​ပြီ​။


ထိုအခါ ငါ​က “​အို ဘုရားရှင်​ထာဝရဘုရား​၊ သူ​တို့​က အကျွန်ုပ်​အား ‘​ဤ​သူ​သည် ပုံဥပမာ ပြော​နေ​ပါ​သည်​’​ဟူ၍ ဆို​ကြ​ပါ​၏​”​ဟု ပြန်လျှောက်​လေ​၏​။


ထိုအခါ လူ​တို့​က “​သင်​ဤသို့​ပြု​ခြင်း​သည် အကျွန်ုပ်​တို့​နှင့်​ဆိုင်​သလော​။ ငါ​တို့​အား ပြောပြ​ပါ​လော့​”​ဟု ဆို​သဖြင့်


သင့်​အမျိုးသားချင်း​တို့​က သင့်​အား ‘ဤ​အရာ​သည် မည်သည်​ကို​ဆိုလို​သနည်း​။ သင်​ပြောပြ​နိုင်​မည်လော’​ဟု မေး​လာ​လျှင်


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ