Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ယေ​ဇ​ကျေ​လ 10:14 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

14 ခေရုဗိမ်​တစ်ပါးစီ​တွင် မျက်နှာ​လေး​ခု​စီ​ပါရှိ​၏​။ ပထမ​မျက်နှာ​သည် ခေရုဗိမ်​မျက်နှာ​၊ ဒုတိယ​မျက်နှာ​သည် လူ​မျက်နှာ​၊ တတိယ​မျက်နှာ​သည် ခြင်္သေ့​မျက်နှာ​၊ စတုတ္ထ​မျက်နှာ​သည် လင်းယုန်​မျက်နှာ​ဖြစ်​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

14 ထို​သတ္တ​ဝါ​တစ်​ပါး​လျှင်​မျက်​နှာ​လေး​ခု​ရှိ​၍ ပ​ထ​မ​မျက်​နှာ​သည်​ခေ​ရု​ဗိမ်​မျက်​နှာ၊ ဒု​တိ​ယ မှာ​လူ​မျက်​နှာ၊ တ​တိ​ယ​ကား​ခြင်္သေ့​မျက်​နှာ၊ စ​တုတ္ထ​မှာ​လင်း​ယုန်​မျက်​နှာ​ဖြစ်​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

14 ခေ​ရု​ဗိမ်​တို့​သည် မျက်​နှာ​လေး​ခု​စီ​ရှိ၍၊ ပ​ထ​မ​မျက်​နှာ​သည် ခေ​ရု​ဗိမ်​မျက်​နှာ၊ ဒု​တိ​ယ​မျက်​နှာ​သည် လူ​မျက်​နှာ၊ တ​တိ​ယ​မျက်​နှာ​သည် ခြင်္သေ့​မျက်​နှာ၊ စ​တု​တ္ထ​မျက်​နှာ​သည် ရွှေ​လင်း​တ​မျက်​နှာ​ဖြစ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယေ​ဇ​ကျေ​လ 10:14
7 ပူးပေါင်းရင်းမြစ်များ  

ဘောင်ကွပ်​ထား​သော​ကြေးနီပြား​များ​ပေါ်တွင် ခြင်္သေ့ရုပ်​၊ နွားရုပ်​၊ ခေရုဗိမ်​ရုပ်​များ​ပါရှိ​ပြီး ဘောင်​တို့​၌ ခြင်္သေ့ရုပ်​နှင့်​နွားရုပ်​တို့​၏​အထက်​ဘက်​နှင့်​အောက်​ဘက်​တို့​တွင် ကနုတ်ပန်း​များ သွန်းလုပ်​ထား​၏​။


လက်ကိုင်​နှင့် ဘောင်​မျက်နှာပြင်​တို့​ရှိ နေရာလွတ်​များ​တွင် ခေရုဗိမ်​ရုပ်​၊ ခြင်္သေ့ရုပ်​နှင့် စွန်ပလွံပင်​ပုံ​များ​၊ ပတ်ပတ်လည်​တွင် ကနုတ်ပန်း​များ ထွင်းထု​ထား​၏​။


ဘီး​များ​ကို “​ဘီးစကြာ​”​ဟု ခေါ်ဆို​သည်​ကို ငါ​ကြား​၏​။


တစ်ပါးစီ​တွင် မျက်နှာ​လေး​ခု​၊ တောင်ပံ​လေး​ခု​ရှိ​၍ တောင်ပံ​များ​အောက်​တွင် လူ​လက်​နှင့်​တူ​သော​လက်​ရှိ​၏​။


ထို​မျက်နှာ​နှစ်​ဖက်​မှာ လူ​မျက်နှာပုံ​ပါ​သော​ဘက်​သည် တစ်ဖက်​ရှိ စွန်ပလွံပင်ပုံ​ဘက်​သို့ လှည့်​ထား​၍ ခြင်္သေ့ပျို​မျက်နှာပုံ​ပါ​သော​ဘက်​သည် အခြား​တစ်ဖက်​ရှိ စွန်ပလွံပင်ပုံ​ဘက်​သို့ လှည့်​ထား​၏​။ အိမ်​တော်​တစ်ခုလုံး​ရှိ နံရံ​ပတ်ပတ်လည်​တွင် ထိုသို့​ပုံဖော်​ထား​၏​။


ပထမ​သတ္တဝါ​သည် ခြင်္သေ့​နှင့်​တူ​၍ ဒုတိယ​သတ္တဝါ​သည် နွားသငယ်​နှင့်​တူ​၏။ တတိယ​သတ္တဝါ​ကား လူ​နှင့်​တူ​သော​မျက်နှာ​ရှိ​၍ စတုတ္ထ​သတ္တဝါ​သည် ပျံသန်း​နေ​သော​လင်းယုန်​နှင့်​တူ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ