ထွက်မြောက်ရာ 8:6 - မြန်မာ့စံမီသမ္မာကျမ်6 ထို့ကြောင့် အာရုန်သည် မိမိလက်ကို အီဂျစ်ပြည်၏ရေများပေါ်သို့ဆန့်သဖြင့် ဖားများတက်လာ၍ အီဂျစ်ပြည်ကို ဖုံးလွှမ်းလေ၏။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version6 ထို့ကြောင့်အာရုန်သည်ရေပြင်ရှိသမျှပေါ် သို့သူ၏လက်ကိုဆန့်သဖြင့် ဖားများအလွန် မြောက်မြားစွာတက်လာ၍အီဂျစ်တစ်ပြည် လုံးတွင်ဖားတို့ဖြင့်ပြည့်နှက်လျက်ရှိလေ၏။- အခန်းကိုကြည့်ပါ။Judson Bible in Zawgyi Version6 အာရုန်သည် အဲဂုတ္တုပြည်၌ရှိသောရေအပေါ်မှာ လက်ကိုဆန့်သဖြင့်၊ ဖားတို့သည်တက်၍ အဲဂုတ္တုပြည်တစ်လျှောက်လုံးကို ဖုံးလွှမ်းကြ၏။ အခန်းကိုကြည့်ပါ။ |
တစ်ဖန် ထာဝရဘုရားက “သင်သည် အာရုန်အား ‘သင်၏တောင်ဝှေးကိုယူ၍ မြစ်များ၊ ချောင်းများ၊ ရေအိုင်များ၊ ရေလှောင်ကန်များစသည့် အီဂျစ်ပြည်ရှိရေရှိသမျှအပေါ်သို့ သင်၏လက်ကိုဆန့်လော့။ ထိုအခါ ရေသည် သွေးဖြစ်သွားလိမ့်မည်။ အီဂျစ်ပြည်တစ်ပြည်လုံးတွင် သစ်သားခွက်များနှင့်ကျောက်ခွက်များထဲ၌ပါမကျန် သွေးဖြစ်လိမ့်မည်’ဟူ၍ ပြောလော့”ဟု မောရှေအား မိန့်တော်မူ၏။