ထွက်မြောက်ရာ 8:24 - မြန်မာ့စံမီသမ္မာကျမ်24 ထာဝရဘုရားသည် ထိုအတိုင်းပြုတော်မူသဖြင့် မြောက်မြားစွာသောယင်ရဲတို့သည် ဖာရောမင်းကြီး၏နန်းတော်မှစ၍ သူ့အမှုထမ်းတို့၏အိမ်များနှင့် အီဂျစ်ပြည်အနှံ့ ဝင်ရောက်ကြ၏။ ယင်ရဲများကြောင့် တစ်ပြည်လုံးသည် ပျက်စီးလေ၏။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version24 ထာဝရဘုရားသည်မှက်ကောင်အုပ်ကြီးများ ကိုဘုရင်၏နန်းတော်၊ မှူးမတ်တို့၏အိမ်များ နှင့်အီဂျစ်တစ်ပြည်လုံးသို့စေလွှတ်တော်မူ ၏။ မှက်ကောင်များကြောင့်တိုင်းပြည်ပျက် ရလေ၏။ အခန်းကိုကြည့်ပါ။Judson Bible in Zawgyi Version24 ထိုသို့ထာဝရဘုရားပြုတော်မူသဖြင့်၊ အလွန်ကြမ်းတမ်းသော ယင်ရဲတို့သည်၊ ဖာရောဘုရင်အိမ်အစရှိသော သူ၏ကျွန်တို့အိမ်၊ အဲဂုတ္တုပြည်တစ်လျှောက်လုံး၌ ရောက်လာ၍၊ ထိုယင်ရဲတို့ကြောင့် အဲဂုတ္တုပြည်ပျက်လေ၏။ အခန်းကိုကြည့်ပါ။ |
အကယ်၍ သင်သည် ငါ၏လူမျိုးတော်ကို မလွှတ်လျှင် ငါသည် သင်မှစ၍ သင်၏အမှုထမ်းများနှင့် သင်၏လူများပေါ်သို့လည်းကောင်း၊ သင်၏နန်းဆောင်များထဲသို့လည်းကောင်း ယင်ရဲတို့ကို စေလွှတ်မည်။ အီဂျစ်လူမျိုးတို့၏အိမ်များနှင့် သူတို့နေထိုင်သောမြေသည်လည်း ယင်ရဲတို့နှင့် ပြည့်နှက်လိမ့်မည်။