Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ထွက်​မြောက်ရာ 8:2 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

2 သူ​တို့​ကို မ​လွှတ်​ဘဲ သင်​ငြင်းဆန်​နေ​မည်​ဆိုလျှင် ငါ​သည် သင့်​ပြည်​တစ်ပြည်လုံး​ကို ဖား​များ​ဖြင့်​ဒဏ်ခတ်​မည်​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

2 သင်​သည်​သူ​တို့​ကို​သွား​ခွင့်​မ​ပြု​လျှင် ငါ သည်​သင်​၏​တစ်​တိုင်း​ပြည်​လုံး​ကို​ဖား​ဖြင့် ဒဏ်​ခတ်​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

2 မ​လွှတ်​ဘူး​ဟု​ငြင်း​လျှင်၊ သင်၏​ပြည်​တစ်​လျှောက်​လုံး​ကို ဖား​တို့​ဖြင့် ဒဏ်​ခတ်​ဦး​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ




ထွက်​မြောက်ရာ 8:2
7 ပူးပေါင်းရင်းမြစ်များ  

သူ​တို့​၏​ပြည်​ကို​သာမက သူ​တို့​ရှင်ဘုရင်​များ​၏​အတွင်းဆောင်​တို့​၌ပင် ဖား​များ​နှင့်​ပြည့်နှက်​စေ​တော်မူ​၏​။


ကိုယ်တော်​သည် သူ​တို့​ကို​ဝါးမျို​မည့် ယင်ရဲအုပ်​ကို​လည်းကောင်း​၊ သူ​တို့​ကို​ဖျက်ဆီး​မည့် ဖား​တို့​ကို​လည်းကောင်း သူ​တို့​ထံသို့ စေလွှတ်​တော်မူ​၏​။


ထာဝရဘုရား​က မောရှေ​အား “​ဖာရော​မင်းကြီး​၏​စိတ်နှလုံး​သည် ခိုင်မာ​၍ အစ္စရေး​လူမျိုး​တို့​ကို လွှတ်​ရန်​ငြင်းဆန်​၏​။


ထိုအခါ ထာဝရဘုရား​က မောရှေ​အား “​သင်​သည် ဖာရော​မင်းကြီး​ထံသို့​ဝင်​၍ ထာဝရဘုရား​က ‘​ငါ​၏​လူမျိုး​တော်​သည် ငါ့​ကို​ဝတ်ပြု​ရန် သူ​တို့​ကို​လွှတ်​လော့​။


နိုင်း​မြစ်​သည် ဖား​များ​နှင့်​ပြည့်နှက်​လိမ့်မည်​။ ထို​ဖား​များ​သည်​တက်လာ​၍ သင်​၏​နန်းတော်​၊ သင်​အိပ်​သော​အခန်း​နှင့်​အိပ်ရာ​ထဲသို့​လည်းကောင်း​၊ သင့်​အမှုထမ်း​များ​နှင့်​ပြည်သူပြည်သား​တို့​၏​အိမ်​ထဲသို့​လည်းကောင်း​၊ သင်​၏​မီးဖို​များ​နှင့်​မုန့်နယ်ခွက်​များ​ထဲသို့​လည်းကောင်း ဝင်​ကြ​လိမ့်မည်​။


သူ​တို့​ကို​မ​လွှတ်​ဘဲ သင်​ငြင်းဆန်​နေ​မည်​၊ ဆက်၍​ချုပ်ကိုင်​ထား​မည်​ဆိုလျှင်


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ