Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ထွက်​မြောက်ရာ 6:16 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

16 လေဝိ​သားမြေး​တို့​၏​ဆွေစဉ်မျိုးဆက်​အမည်​များ​ကား ဂေရရှုန်​၊ ကောဟတ်​၊ မေရာရိ တို့​ဖြစ်​ကြ​၏​။ လေဝိ​အသက်ရှင်​ခဲ့​သော​နှစ်​ကာလ​မှာ တစ်ရာ​သုံးဆယ့်​ခုနစ်​နှစ်​ဖြစ်​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

16 လေ​ဝိ​၏​သား​သုံး​ယောက်​မှာ​ဂေ​ရ​ရှုံ၊ ကော ဟတ်၊ မေ​ရာ​ရိ​တို့​ဖြစ်​ကြ​၏။ ဤ​သူ​တို့​သည် မိ​မိ​တို့​၏​နာ​မည်​များ​ကို​ခံ​ယူ​သော​အ​ဆက် အ​နွယ်​များ​၏​ဖ​ခင်​များ​ဖြစ်​ကြ​၏။ လေ​ဝိ သည်​တစ်​ရာ​သုံး​ဆယ့်​ခု​နစ်​နှစ်​အ​ထိ​အ​သက် ရှည်​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

16 လေ​ဝိ​သား​အ​ဆွေ​အ​မျိုး​အ​လိုက်​ဟူ​မူ​ကား၊ ဂေ​ရ​ရှုံ၊ ကော​ဟတ်၊ မေ​ရာ​ရိ​တည်း။ လေ​ဝိ​အ​သက်​သည် အ​နှစ်​တစ်​ရာ​သုံး​ဆယ်​ခု​နစ်​နှစ်​ရှိ​သ​တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ




ထွက်​မြောက်ရာ 6:16
22 ပူးပေါင်းရင်းမြစ်များ  

ဣဇက်​သည်​နှစ်​ပေါင်း တစ်ရာ့​ရှစ်ဆယ်​အသက်ရှင်​ခဲ့​၏​။


လေဝိ​၏​သား​များ​မှာ ဂေရရှုန်​၊ ကောဟတ်​၊ မေရာရိ တို့​ဖြစ်​ကြ​၏​။


ရုဗင်​၏​သား​များ​မှာ ဟာနုတ်​၊ ဖာလု​၊ ဟေဇရုံ​၊ ကာမိ တို့​ဖြစ်​ကြ​၏​။


ယာကုပ်​သည် အီဂျစ်​ပြည်​၌ တစ်ဆယ့်ခုနစ်​နှစ်​အသက်ရှင်​နေထိုင်​ခဲ့​၏​။ ယာကုပ်​အသက်ရှင်​ခဲ့​သော​နေ့ရက်​နှစ်​ကာလ​များ​မှာ တစ်ရာ​လေးဆယ့်​ခုနစ်​နှစ်​ဖြစ်​၏​။


ယောသပ်​သည် အသက်​တစ်ရာ့​တစ်ဆယ်​ရှိ​သော် သေဆုံး​လေ​၏​။ ယောသပ်​၏​အလောင်း​ကို​ဆေးစီရင်​၍ အီဂျစ်​ပြည်​၌ အခေါင်း​ဖြင့်​ထား​ကြ​လေ​၏​။


ထို့ပြင် ဒါဝိဒ်​မင်းကြီး​သည် လေဝိ​၏​သား​များ​ရှိ​သည့်​အတိုင်း ဂေရရှုန်​၊ ကောဟတ်​၊ မေရာရိ ဟူ၍ အဖွဲ့​ခွဲ​ထား​ပြီး


လေဝိ​၏​သား​များ​မှာ ဂေရရှုန်​၊ ကောဟတ်​၊ မေရာရိ တို့​ဖြစ်​ကြ​၏​။


လေဝိ​၏​သား​များ​မှာ ဂေရရှုံ​၊ ကောဟတ်​၊ မေရာရိ တို့​ဖြစ်​ကြ​၏​။


ထို့နောက် လေဝိ​အမျိုး ကောဟတ်​သားမြေး​မှ အာမသဲ​၏​သား​မာဟတ်​၊ အာဇရိ​၏​သား​ယောလ​၊ မေရာရိ​သားမြေး​မှ အာဗဒိ​၏​သား​ကိရှ​၊ ယေဟလလေလ​၏​သား​အာဇရိ​၊ ဂေရရှုန်​အမျိုး​မှ ဇိမ္မ​၏​သား​ယောအာ​၊ ယောအာ​၏​သား​ဧဒင်​၊


လေဝိ​အမျိုးသား​ထဲမှ ယောက်ျား​တစ်​ဦး​သည် လေဝိ​အမျိုးသမီး​နှင့် စုံဖက်​ရာ


ကောဟတ်​၏​သား​များ​မှာ အာမရံ​၊ ဣဇဟာ​၊ ဟေဗြုန်​၊ ဩဇေလ တို့​ဖြစ်​ကြ​၏​။ ကောဟတ်​အသက်ရှင်​ခဲ့​သော​နှစ်​ကာလ​မှာ တစ်ရာ​သုံးဆယ့်​သုံး​နှစ်​ဖြစ်​၏​။


အာမရံ​သည် မိမိ​၏​အရီး​ယောခေဗက်​နှင့်​စုံဖက်​၍ ထို​မိန်းမ​သည် သူ့​အတွက် အာရုန်​နှင့်​မောရှေ တို့​ကို​မွေးဖွား​ပေး​၏​။ အာမရံ​အသက်ရှင်​ခဲ့​သော​နှစ်​ကာလ​မှာ တစ်ရာ​သုံးဆယ့်​ခုနစ်​နှစ်​ဖြစ်​၏​။


လေဝိ​၏​မြစ်​၊ ကောဟတ်​၏​မြေး​၊ ဣဇဟာ​၏​သား ကောရ​သည် ရုဗင်​၏​မြေး​၊ ဧလျာဘ​၏​သား ဒါသန်​နှင့်​အဘိရံ​၊ ပေလက်​၏​သား ဩန တို့​ကို​ခေါ်​၍


မျိုးနွယ်စု​အလိုက် လေဝိ​အမျိုး​စာရင်းဝင်​သော​သူ​တို့​ကား ဂေရရှုန်​မှ​ဆင်းသက်​သော ဂေရရှုန်​မျိုးနွယ်စု​၊ ကောဟတ်​မှ​ဆင်းသက်​သော ကောဟတ်​မျိုးနွယ်စု​၊ မေရာရိ​မှ​ဆင်းသက်​သော မေရာရိ​မျိုးနွယ်စု တို့​ဖြစ်​ကြ​၏​။


လေဝိ​၏​သား​တို့​အမည်​များ​ကား ဂေရရှုန်​၊ ကောဟတ်​၊ မေရာရိ တို့​ဖြစ်​ကြ​၏​။


မျိုးနွယ်စု​အလိုက် ဂေရရှုန်​၏​သား​တို့​အမည်​များ​ကား လိဗနိ​နှင့် ရှိမိ တို့​ဖြစ်​ကြ​၏​။


မျိုးနွယ်စု​အလိုက် ကောဟတ်​၏​သား​များ​ကား အာမရံ​၊ ဣဇဟာ​၊ ဟေဗြုန်​၊ ဩဇေလ တို့​ဖြစ်​ကြ​၏​။


မျိုးနွယ်စု​အလိုက် မေရာရိ​၏​သား​များ​ကား မဟာလိ​နှင့် မုရှိ တို့​ဖြစ်​ကြ​၏​။ ဤ​သူ​တို့​ကား မိမိ​တို့​ဘိုးဘေး​များ​၏​အိမ်ထောင်စု​အလိုက် လေဝိ​၏​မျိုးနွယ်စု​များ ဖြစ်​၏​။


ဂေရရှုန်​မှ လိဗနိ​မျိုးနွယ်စု​နှင့် ရှိမိ​မျိုးနွယ်စု​တို့ ဆင်းသက်​လာ​၏​။ ဤသည်ကား ဂေရရှုန်​မျိုးနွယ်စု​များ ဖြစ်​၏​။


မဲချ​ရာ​တွင် ကောဟတ်​အမျိုး​တို့ မျိုးနွယ်စု​အလိုက် မဲကျ​၏​။ လေဝိ​အမျိုးအနွယ်​၊ ယဇ်ပုရောဟိတ်​အာရုန်​၏ သားမြေး​တို့​သည် ယုဒ​အမျိုးအနွယ်​၊ ရှိမောင်​အမျိုးအနွယ်​၊ ဗင်္ယာမိန်​အမျိုးအနွယ်​တို့​ထံမှ မြို့​တစ်ဆယ့်သုံး​မြို့​ကို ရရှိ​၏​။


မဲချ​ရာ​တွင် ဂေရရှုန်​အမျိုး​တို့​သည် ဣသခါ​အမျိုးအနွယ်​၏​မျိုးနွယ်စု​၊ အာရှာ​အမျိုးအနွယ်​၊ နဿလိ​အမျိုးအနွယ်​၊ ဗာရှန်​ပြည်​ရှိ မနာရှေ​အမျိုးအနွယ်​တစ်ဝက်​တို့​ထံမှ မြို့​တစ်ဆယ့်သုံး​မြို့​ကို ရရှိ​၏​။


ရှိမောင်​အနွယ်​ထဲမှ တစ်သောင်း​နှစ်ထောင်၊ လေဝိ​အနွယ်​ထဲမှ တစ်သောင်း​နှစ်ထောင်၊ ဣသခါ​အနွယ်​ထဲမှ တစ်သောင်း​နှစ်ထောင်၊


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ