ထွက်မြောက်ရာ 6:13 - မြန်မာ့စံမီသမ္မာကျမ်13 ထိုသို့ မောရှေနှင့်အာရုန်အား အစ္စရေးအမျိုးသားတို့ကို အီဂျစ်ပြည်မှထုတ်ဆောင်ရန် ထာဝရဘုရားမိန့်မှာတော်မူခဲ့သည်ကို အစ္စရေးအမျိုးသားတို့နှင့် အီဂျစ်ဘုရင်ဖာရောမင်းကြီးတို့အား ပြောကြားစေ၏။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version13 ထာဝရဘုရားသည် မောရှေနှင့်အာရုန်တို့ အား``ဣသရေလအမျိုးသားတို့ကိုအီဂျစ် ပြည်မှထုတ်ဆောင်ရန်သင်တို့အား ငါအမိန့် ပေးတော်မူကြောင်းဣသရေလအမျိုးသား တို့နှင့်အီဂျစ်ဘုရင်အားပြောကြားလော့'' ဟုမိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။Judson Bible in Zawgyi Version13 သို့ရာတွင် မောရှေနှင့် အာရုန်သည် ဣသရေလအမျိုးသားတို့ကိုအဲဂုတ္တုပြည်မှ နုတ်ဆောင်ရမည်အကြောင်း၊ ထာဝရဘုရားသည် သူတို့ကိုခေါ်၍ ဣသရေလအမျိုးသားတို့ထံသို့လည်းကောင်း၊ အဲဂုတ္တုရှင်ဘုရင်ဖာရောမင်းထံသို့လည်းကောင်း စေခိုင်းမှာထားတော်မူ၏။ အခန်းကိုကြည့်ပါ။ |
ငါ့သားတိမောသေ၊ သင်နှင့်ပတ်သက်၍ ယခင်ပရောဖက်ပြုဟောပြောထားသည့်အရာများနှင့်အညီ ဤညွှန်ကြားချက်ကို သင့်အား ငါပေး၏။ ဤသည်ကား သင်သည် ယုံကြည်ခြင်းနှင့်ကြည်လင်သောအသိစိတ်တို့ကိုစွဲကိုင်လျက် ထိုပရောဖက်ပြုဟောပြောထားသည့်အရာများအားဖြင့် ကောင်းသောတိုက်ပွဲကို တိုက်ခိုက်နိုင်မည့်အကြောင်းတည်း။