ထွက်မြောက်ရာ 6:12 - မြန်မာ့စံမီသမ္မာကျမ်12 မောရှေက “အစ္စရေးအမျိုးသားများပင် အကျွန်ုပ်စကားကိုနားမထောင်လျှင် ဖာရောမင်းကြီးသည် နှုတ်လေးသောသူ အကျွန်ုပ်၏စကားကို မည်သို့နားထောင်ပါမည်နည်း”ဟု ထာဝရဘုရား၏ရှေ့တော်၌ ပြန်လျှောက်လေ၏။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version12 ထိုအခါမောရှေက``ဣသရေလအမျိုးသား တို့ကပင်လျှင် အကျွန်ုပ်၏စကားကိုနားမ ထောင်ဘဲ စကားထစ်သူအကျွန်ုပ်၏စကား ကိုဘုရင်ကမည်သို့နားထောင်ပါမည်နည်း'' ဟုထာဝရဘုရားအားလျှောက်လေ၏။ အခန်းကိုကြည့်ပါ။Judson Bible in Zawgyi Version12 မောရှေကလည်း၊ ဣသရေလအမျိုးသားတို့သည် အကျွန်ုပ်ပြောသောစကားကို နားမထောင်ဘဲနေသည်ဖြစ်၍၊ အရေဖျားလှီးခြင်းကိုမခံသောနှုတ်နှင့် ပြောတတ်သော အကျွန်ုပ်၏စကားကို ဖာရောမင်းသည် အဘယ်သို့နားထောင်ပါမည်နည်းဟု ထာဝရဘုရားရှေ့မှာ လျှောက်ဆို၏။ အခန်းကိုကြည့်ပါ။ |
ထိုအခါ မောရှေက ဘုရားသခင်အား “အကျွန်ုပ်သည် အစ္စရေးအမျိုးသားတို့ထံသို့သွား၍ ‘သင်တို့ဘိုးဘေးတို့၏ဘုရားသခင်သည် ငါ့ကို သင်တို့ထံသို့စေလွှတ်တော်မူ၏’ဟု ဆို၍ သူတို့ကလည်း ‘ထိုဘုရား၏နာမတော်ကား မည်သို့နည်း’ဟု ပြန်မေးလျှင် အကျွန်ုပ်သည် သူတို့ကို မည်သို့ပြန်ဖြေရမည်နည်း”ဟု လျှောက်လေ၏။
ငါသည် အီဂျစ်လူမျိုး၊ ယုဒလူမျိုး၊ ဧဒုံလူမျိုး၊ အမ္မုန်အမျိုးသား၊ မောဘအမျိုးသားနှင့် တောကန္တာရ၌နေထိုင်ကြသည့်နားသယ်မွေးရိတ်လေ့ရှိသောသူအားလုံးတို့ကို အပြစ်ဒဏ်ပေးမည်။ အကြောင်းမူကား လူမျိုးအပေါင်းတို့သည် အရေဖျားမလှီးသောသူများဖြစ်ကြ၏။ အစ္စရေးအမျိုးသားရှိသမျှတို့သည်လည်း စိတ်နှလုံးအရေဖျားမလှီးသောသူများဖြစ်ကြ၏”ဟု မိန့်တော်မူ၏။