Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ထွက်​မြောက်ရာ 30:9 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

9 ထို​ယဇ်ပလ္လင်​ပေါ်၌ အခြား​သော​နံ့သာပေါင်း​ကို မ​ပူဇော်​ရ​။ မီးရှို့ရာယဇ်​၊ ဘောဇဉ်ပူဇော်သက္ကာ​ကို​လည်း မ​ပူဇော်​ရ​။ သွန်းလောင်းရာပူဇော်သက္ကာ​ကို​လည်း မ​သွန်းလောင်း​ရ​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

9 ထို​ပလ္လင်​ပေါ်​တွင်​ကား၊ တား​မြစ်​ထား​သော နံ့​သာ​ကို​မ​ပူ​ဇော်​ရ။ ယဇ်​ကောင်​ကို​သော် လည်း​ကောင်း၊ ဘော​ဇဉ်​ကို​သော်​လည်း​ကောင်း မ​ပူ​ဇော်​ရ။ စ​ပျစ်​ရည်​ပူ​ဇော်​သ​ကာ​ကို လည်း၊ မ​သွန်း​လောင်း​ရ။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

9 ထို​ပ​လ္လင်​ပေါ်​မှာ​ထူး​ခြား​သော နံ့​သာ​ပေါင်း​ကို မ​ရှို့​ရ။ မီး​ရှို့​သော​ယဇ်​ကို မ​ပြု​ရ။ ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​ကို​လည်း မ​ပြု​ရ။ သွန်း​လောင်း​ရာ ပူ​ဇော်​သ​ကာ​ကို​လည်း မ​ပြု​ရ။

အခန်းကိုကြည့်ပါ။ ကော်ပီ




ထွက်​မြောက်ရာ 30:9
3 ပူးပေါင်းရင်းမြစ်များ  

အာရုန်​သည် အပြစ်ဖြေလွှတ်​ခြင်း​နှင့်ဆိုင်သော အပြစ်ဖြေရာယဇ်ကောင်​၏​သွေး​ဖြင့် ယဇ်ပလ္လင်​၏​ချို​ပေါ်၌ အပြစ်ဖြေလွှတ်​ခြင်း​ကို တစ်​နှစ်​တစ်ကြိမ်​ပြု​ရ​မည်​။ ထိုသို့​ယဇ်ပလ္လင်​ပေါ်၌ အပြစ်ဖြေလွှတ်​ခြင်း​ကို သင်​တို့​၏​မျိုးဆက်​အစဉ်အဆက် တစ်​နှစ်​တစ်ကြိမ်​ပြု​ရ​မည်​။ ယဇ်ပလ္လင်​သည် ထာဝရဘုရား​အဖို့ အထူး​သန့်ရှင်း​သော​အရာ​ဖြစ်​၏​”​ဟု မိန့်​တော်မူ​၏​။


နေဝင်ချိန်​၌​မီးခွက်​များ​ကို ပြင်ဆင်​သောအခါ​တွင်​လည်း ထို​ယဇ်ပလ္လင်​ပေါ်၌ နံ့သာပေါင်း​ကို​ရှို့​ရ​မည်​။ ထိုသို့ သင်​တို့​မျိုးဆက်​အစဉ်အဆက် ထာဝရဘုရား​ရှေ့​တော်​၌ နံ့သာပေါင်း​ကို အစဉ်မပြတ်​ရှို့​ရ​မည်​။


အာရုန်​၏​သား​နာဒပ်​နှင့်​အဘိဟု​တို့​သည် မိမိ​တို့​၏​မီးကျီးခံဗန်း​ကို ကိုယ်စီ​ယူ​၍ မီး​ထည့်​ကာ ထို​မီး​ပေါ်၌ နံ့သာပေါင်း​ကို​တင်​ပြီးလျှင် သူ​တို့​အား မိန့်မှာ​ထား​တော်မူ​သော​မီး​မ​ဟုတ်​သည့် အခြား​သော​မီး​ကို ထာဝရဘုရား​ရှေ့​တော်​၌ ပူဇော်​ကြ​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ