Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ထွက်​မြောက်ရာ 30:4 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

4 ရွှေ​ဖြင့်​ခြယ်လှယ်​ထား​သော​အပိုင်း​၏​အောက်နား​၊ ယဇ်ပလ္လင်​ဘေး​နှစ်​ဖက် တစ်ဖက်တစ်ချက်​တွင် ရွှေ​ကွင်း​နှစ်​ကွင်း​ကို​တပ်​ရ​မည်​။ ထို​ကွင်း​တို့​သည် ယဇ်ပလ္လင်​ထမ်း​ရန် ထမ်းပိုး​များ​လျှိုစရာ​ဖြစ်​ရ​မည်​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

4 ပလ္လင်​တော်​၏​ဘေး​နှစ်​ဘက်​အ​နား​အောက်​တွင် ထမ်း​ပိုး​များ​လျှို​ရန်​ရွှေ​ကွင်း​နှစ်​ကွင်း​တပ် ဆင်​ရ​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

4 ရွှေ​တန်​ဆာ​အောက်၊ ပ​လ္လင်​တစ်​ဖက်​တစ်​ချက်​ထောင့်၌ ရွှေ​ကွင်း​နှစ်​ကွင်း​ကို​လုပ်၍၊ ပ​လ္လင်​ထမ်း​စ​ရာ​ထမ်း​ပိုး​နေ​ရာ ဖြစ်​ရ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ




ထွက်​မြောက်ရာ 30:4
8 ပူးပေါင်းရင်းမြစ်များ  

ရွှေ​ကွင်း​လေး​ကွင်း​ကို​သွန်းလုပ်​၍ သေတ္တာ​၏​ခြေ​လေး​ချောင်း​ဘေး​တစ်​ဖက်​၌​နှစ်​ကွင်း​၊ အခြား​ဘေး​တစ်ဖက်​၌​နှစ်​ကွင်း တပ်​ရ​မည်​။


သေတ္တာ​ကို​ထမ်း​ရန် ထမ်းပိုး​တို့​ကို သေတ္တာ​၏​ဘေး​တစ်ဖက်တစ်ချက်​ရှိ​ကွင်း​များ​ထဲသို့ လျှို​ထား​ရ​မည်​။


ထို​ကွင်း​များ​သည် စားပွဲ​ကို​ထမ်း​ရန်​ထမ်းပိုး​များ​လျှိုစရာ​အဖြစ် ဘောင်​နှင့်​ကပ်​လျက်​ရှိ​ရ​မည်​။


ဘောင်​များ​ကို ရွှေ​ဖြင့်​မွမ်းမံ​ရ​မည်​။ ကန့်လန့်ကျင်​လျှို​ရန်​ကွင်း​များ​ကို ရွှေ​ဖြင့်​လုပ်​ရ​မည်​။ ကန့်လန့်ကျင်​များ​ကို​လည်း ရွှေ​ဖြင့်​မွမ်းမံ​ရ​မည်​။


ယဇ်ပလ္လင်​အတွက် ကြေးနီ​စကာ​မီးကျီးခံပြား​ကို​လုပ်​၍ မီးကျီးခံပြား​ထောင့်​လေး​ထောင့်​စကာ​ပေါ်တွင် ကြေးနီ​ကွင်း​လေး​ကွင်း​ကို​တပ်​ရ​မည်​။


ယဇ်ပလ္လင်​ကို​ထမ်း​သောအခါ ထမ်းပိုး​တို့​သည် ယဇ်ပလ္လင်​၏​ဘေး​နှစ်​ဖက်​၌​ရှိ​နေ​စေရန် ထို​ထမ်းပိုး​တို့​ကို ကွင်း​များ​ထဲသို့​လျှိုသွင်း​ထား​ရ​မည်​။


ယဇ်ပလ္လင်​၏​အပေါ်ပိုင်း​ကို​လည်းကောင်း​၊ ဘေး​ပတ်ပတ်လည်​ကို​လည်းကောင်း​၊ ချို​များ​ကို​လည်းကောင်း ရွှေ​စင်​ဖြင့်​မွမ်းမံ​ရ​မည်​။ ယဇ်ပလ္လင်​အပေါ်ပိုင်း​ပတ်ပတ်လည်​ကို ရွှေ​ဖြင့်​ခြယ်လှယ်​ရ​မည်​။


ထမ်းပိုး​တို့​ကို အကေရှား​သစ်သား​ဖြင့်​လုပ်​၍ ရွှေ​ဖြင့်​မွမ်းမံ​ရ​မည်​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ