Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ထွက်​မြောက်ရာ 27:20 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

20 မီးခွက်​အစဉ်မပြတ်​လင်း​နေ​စေ​ဖို့ မီးထွန်း​ရန်​အတွက် ထောင်းယူ​သော​သံလွင်​ဆီ​သန့်​ကို သင့်​ထံသို့​ယူဆောင်​လာ​ရန် အစ္စရေး​အမျိုးသား​တို့​အား သင်​ဆင့်ဆို​ရ​မည်​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

20 ``ဆီ​မီး​တိုင်​ကို​ည​နေ​တိုင်း​ထွန်း​ညှိ​နိုင်​ရန် အ ကောင်း​ဆုံး​သံ​လွင်​ဆီ​ကို​ယူ​ဆောင်​ခဲ့​ကြ​လော့ ဟု ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​ဆင့်​ဆို လော့။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

20 ပ​ရိ​သတ်​စည်း​ဝေး​ရာ​တဲ​တော်​တွင်၊ သက်​သေ​ခံ​ချက်​ထား​ရာ​အ​ရပ်​ကို​ကာ​သော ကု​လား​ကာ​ပြင်​မှာ၊ မီး​ခုံ၌ အ​စဉ်​မ​ပြတ်​မီး​ထွန်း​စ​ရာ​ဖို့၊ သံ​လွင်​သီး​ကို ထောင်း​၍​ယူ​သော​သံ​လွင်​ဆီ​စစ်​ကို၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ဆောင်​ခဲ့​ရ​ကြ​မည်​အ​ကြောင်း ဆင့်​ဆို​လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ




ထွက်​မြောက်ရာ 27:20
13 ပူးပေါင်းရင်းမြစ်များ  

အကျွန်ုပ်​၏​ရန်သူ​တို့​ရှေ့​၌ ကိုယ်တော်​သည် အကျွန်ုပ်​အတွက်​စားပွဲ​ကို တည်ခင်း​တော်မူ​၏​။ အကျွန်ုပ်​၏​ခေါင်း​ကို ဆီ​နှင့်​လိမ်း​တော်မူ​၏​။ အကျွန်ုပ်​၏​ခွက်ဖလား​သည် လျှံ​လျက်​ရှိ​ပါ​၏​။


မီးထွန်း​ရန်​အတွက် ဆီ​၊ ဘိသိက်​ဆီ​နှင့်​အမွှေးနံ့သာပေါင်း​အတွက် အမွှေးနံ့သာ​များ​၊


ကိန်းဝပ်​တော်မူ​ရာ​တဲ​တော်​၏​အမှုကိစ္စ​အဝဝ​အတွက် တန်ဆာပလာ​၊ တဲငုတ်တိုင်​၊ ဝင်း​ငုတ်တိုင် အားလုံး​တို့​ကို ကြေးနီ​ဖြင့်​လုပ်​ရ​မည်​။


မီးထွန်း​ရန်​အတွက်​၊ ဘိသိက်​ဆီ​နှင့် အမွှေးနံ့သာပေါင်း​ဖော်စပ်​ရန်​အတွက် အမွှေးနံ့သာ​နှင့်​ဆီ​ကို​လည်းကောင်း ယူဆောင်​လာ​ကြ​၏​။


မီးထွန်း​ရန်​အတွက် ဆီ​၊ ဘိသိက်​ဆီ​နှင့်​အမွှေးနံ့သာပေါင်း​အတွက် အမွှေးနံ့သာ​များ​၊


ရွှေ​စင်​ဆီမီးခုံ​၊ ဆီမီးခုံ​ပေါ် တစ်တန်းတည်း​ရှိ​နေ​သော​မီးခွက်​များ​၊ ဆီမီးခုံ​၏​တန်ဆာပလာ​ရှိသမျှ​နှင့် မီးထွန်း​ရန်​အတွက် ဆီ​ကို​လည်းကောင်း​၊


စားပွဲ​ကို​လည်း​သွင်း​၍ နေရာတကျ ခင်းကျင်း​ရ​မည်​။ ဆီမီးခုံ​ကို​လည်း​သွင်း​၍ မီးခွက်​များ​ကို ပြင်ဆင်​ရ​မည်​။


ဤ​သူ​တို့​သည် ကမ္ဘာ​မြေကြီး​၏​အရှင်​သခင်​ရှေ့​တော်​၌​ရှိ​သော သံလွင်​ပင်​နှစ်​ပင်​နှင့် ဆီမီးခုံ​နှစ်​ခု​ဖြစ်​ကြ​၏။


သို့သော် သံလွင်ပင်​က ‘​ဘုရား​နှင့် လူ​တို့​ကို ဂုဏ်ပြုချီးမွမ်း​ရာ​တွင် သုံး​ကြ​သော ငါ့​အဆီ​ကို မ​ထုတ်​ပေး​တော့​ဘဲ သစ်ပင်​တို့​ကို သွား​၍​အုပ်စိုး​ရ​မည်လော​’​ဟု ပြန်ပြော​၏​။


ဘုရားသခင်​ရှေ့​တော်​မှ​မီးခွက်​သည် မ​ငြိမ်း​သေး​။ ရှမွေလ​သည် ဘုရားသခင်​၏​သေတ္တာ​တော်​ရှိ​ရာ ထာဝရဘုရား​၏​ဗိမာန်​တော်​၌ အိပ်​လျက်​နေ​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ