Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ထွက်​မြောက်ရာ 27:19 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

19 ကိန်းဝပ်​တော်မူ​ရာ​တဲ​တော်​၏​အမှုကိစ္စ​အဝဝ​အတွက် တန်ဆာပလာ​၊ တဲငုတ်တိုင်​၊ ဝင်း​ငုတ်တိုင် အားလုံး​တို့​ကို ကြေးနီ​ဖြင့်​လုပ်​ရ​မည်​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

19 တဲ​တော်​အ​တွက်​အ​သုံး​အ​ဆောင်​ပစ္စည်း​အား လုံး​ကို​လည်း​ကောင်း၊ တဲ​တော်​နှင့်​တဲ​တော်​အကာ အရံ​အ​တွက်​ကြက်​ဆူး​ရှိ​သ​မျှ​ကို​လည်း​ကောင်း၊ ကြေး​ဝါ​ဖြင့်​ပြု​လုပ်​ရ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

19 အ​မှု​တော်​ထမ်း​ဖို့ တဲ​တော်​အ​သုံး​အ​ဆောင်​ရှိ​သ​မျှ​ကို​လည်း​ကောင်း၊ တဲ​တော်​တံ​သင်၊ ဝင်း​နှင့်​ဆိုင်​သော တံ​သင်​ရှိ​သ​မျှ​ကို​လည်း​ကောင်း ကြေး​ဝါ​နှင့်​လုပ်​ရ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ




ထွက်​မြောက်ရာ 27:19
14 ပူးပေါင်းရင်းမြစ်များ  

သို့သော် တစ်ခဏချင်း​တွင် အကျွန်ုပ်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ထံ​တော်​မှ ကျေးဇူး​တော်​ကို ခံစား​ရ​၍ ကိုယ်တော်​သည် အကျွန်ုပ်​တို့​ထဲမှ​ကြွင်းကျန်​သူ​တို့​ကို လွတ်မြောက်​စေ​ပြီး ကိုယ်တော်​၏​သန့်ရှင်းရာဌာန​တော်​တွင် လုံခြုံ​ရာ​ကို ပေး​တော်မူ​ပြီ​။ အကျွန်ုပ်​တို့​ကို မျက်စိ​အလင်း​ပေး​တော်မူ​ပြီ​။ ကျွန်ခံ​ရ​ရာ​တွင် အနည်းငယ်​သက်သာ​ခွင့်​ကို ပေး​တော်မူ​ပါ​ပြီ​။


ဝင်း​သည် အလျား​အတောင်​တစ်ရာ​၊ အနံ​အတောင်​ငါးဆယ်​၊ အမြင့်​ငါး​တောင်​ရှိ​၍ ရက်လုပ်​ထား​သော​ပိတ်ချောထည်​အကာ​နှင့် အောက်ခံ​ကြေးနီ​အစွပ် တို့​ပါ​ရ​မည်​။


မီးခွက်​အစဉ်မပြတ်​လင်း​နေ​စေ​ဖို့ မီးထွန်း​ရန်​အတွက် ထောင်းယူ​သော​သံလွင်​ဆီ​သန့်​ကို သင့်​ထံသို့​ယူဆောင်​လာ​ရန် အစ္စရေး​အမျိုးသား​တို့​အား သင်​ဆင့်ဆို​ရ​မည်​။


ယဇ်ပလ္လင်​မှ​ပြာ​ကို​ဖယ်ရှား​ရန်​အတွက် အိုး​၊ ဂေါ်ပြား​၊ ဇလုံ​၊ ခက်ရင်းခွ​၊ မီးကျီးခံဗန်း​တို့​ကို​လည်း လုပ်​ရ​မည်​။ ယဇ်ပလ္လင်​၏​တန်ဆာပလာ​ရှိသမျှ​တို့​ကို ကြေးနီ​ဖြင့်​လုပ်​ရ​မည်​။


ကိန်းဝပ်​တော်မူ​ရာ​တဲ​တော်​ငုတ်တိုင်​များ​နှင့် တဲတော်ဝင်း​ငုတ်တိုင်​များ​ကို​လည်းကောင်း​၊ ငုတ်တိုင်​များ​အတွက် ကြိုး​များ​ကို​လည်းကောင်း​၊


ကိန်းဝပ်​တော်မူ​ရာ​တဲ​တော်​နှင့် ဝင်း​ပတ်ပတ်လည်​အတွက် ငုတ်တိုင်​အားလုံး​ကို ကြေးနီ​ဖြင့်​လုပ်​၏​။


ဝင်း​ပတ်ပတ်လည်​အတွက် အောက်ခံအစွပ်​နှင့် ဝင်း​တံခါး​အတွက် အောက်ခံအစွပ်​ကို​လည်းကောင်း​၊ ကိန်းဝပ်​တော်မူ​ရာ​တဲ​တော်​၏​ငုတ်တိုင်​ရှိသမျှ​နှင့် ဝင်း​ပတ်ပတ်လည်​၏​ငုတ်တိုင်​ရှိသမျှ​ကို​လည်းကောင်း လုပ်​၏​။


တဲတော်ဝင်း​၏​အကာ​များ​၊ ထို​အကာ​များ​၏​တိုင်​များ​နှင့် တိုင်​များ​၏​အောက်ခံအစွပ်​များ​ကို​လည်းကောင်း​၊ ဝင်း​တံခါး​၏​လိုက်ကာ​ကို​လည်းကောင်း​၊ ဝင်း​အတွက်​ကြိုး​များ​နှင့်​ငုတ်တိုင်​များ​ကို​လည်းကောင်း​၊ တွေ့ဆုံစည်းဝေးရာ​တဲ​တော်​တည်းဟူသော ကိန်းဝပ်​တော်မူ​ရာ​တဲ​တော်​၏​အမှု​တော်​နှင့်ဆိုင်သည့် တန်ဆာပလာ​ရှိသမျှ​ကို​လည်းကောင်း​၊


ပညာရှိ​တို့​၏​စကား​များ​သည် နှင်တံ​ကဲ့သို့​ဖြစ်​ပြီး တစ်ပါးတည်း​သော​သိုးထိန်းကြီး​ပေးအပ်​ထား​သည့် စုစည်း​ထား​သော​စကား​များ​သည် ခိုင်မြဲ​စွာ​ရိုက်​ထား​သော​သံ​ကဲ့သို့​ဖြစ်​၏​။


ငါ​တို့​ပွဲတော်​မြို့​ဖြစ်​သည့် ဇိအုန်​မြို့​ကို​ကြည့်ရှု​လော့​။ အပြောင်းအရွှေ့​မ​ရှိ​သော​တဲ​ဖြစ်​သည့် ငြိမ်းအေး​ရာ​ဂျေရုဆလင်​မြို့​ကို သင်​သည် ကိုယ့်​မျက်စိ​နှင့် မြင်​ရ​လိမ့်မည်​။ ထို​တဲ​၏​တိုင်​များ​သည် မည်သည့်​အခါ​မျှ ဆွဲနုတ်ခြင်း​ခံရ​မည်​မ​ဟုတ်​။ ကြိုး​များ​သည်​လည်း တစ်ချောင်းမျှ​ဖြတ်တောက်​ခြင်း​ခံရ​မည်​မ​ဟုတ်​။


ထို​မျိုးနွယ်​ထဲမှ ထောင့်ချုပ်ကျောက်​၊ ငုတ်တိုင်​၊ စစ်​လေးလက်နက်​နှင့် အုပ်ချုပ်​သူ​အပေါင်း​တို့ အတူတကွ​ထွက်ပေါ်​လာ​လိမ့်မည်​။


ဝင်း​ပတ်ပတ်လည်​တိုင်​များ​၊ တိုင်​များ​၏​အောက်ခံအစွပ်​များ​၊ ငုတ်တိုင်​များ​၊ ကြိုး​များ​ကို တာဝန်ယူ​ထိန်းသိမ်း​ပေး​ရ​၏​။


ဝင်း​ပတ်ပတ်လည်​တိုင်​များ​၊ တိုင်​များ​၏​အောက်ခံအစွပ်​များ​၊ ငုတ်တိုင်​များ​၊ ကြိုး​များ​စသည့်​တန်ဆာပလာ​ရှိသမျှ​တို့​ကို သယ်ဆောင်​ရ​မည်​။ ထို​အရာ​တို့​နှင့်ဆိုင်သော​အလုပ်​ဟူသမျှ​တို့​ကို လုပ်ဆောင်​ရ​မည်​။ သူ​တို့​သယ်ဆောင်​ရ​မည့်​ပစ္စည်း​တို့​ကို အမည်​နှင့်တကွ ချမှတ်​ပေး​ရ​မည်​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ