Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ထွက်​မြောက်ရာ 26:19 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

19 ဘောင်​တစ်​ခု​အောက်​ရှိ စရွေးတံ​နှစ်​ခု​အတွက် အောက်ခံအစွပ်​နှစ်​ခု​၊ နောက်​ဘောင်​တစ်​ခု​အောက်​ရှိ စရွေးတံ​နှစ်​ခု​အတွက် အောက်ခံအစွပ်​နှစ်​ခု စသည်ဖြင့် ဘောင်​အခု​နှစ်ဆယ်​အတွက် အောက်ခံ​ငွေ​အစွပ် အခု​လေးဆယ်​လုပ်​ရ​မည်​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

19 ဘောင်​ခွေ​တစ်​ခု​စီ​အောက်​ရှိ​ခြေ​ထောက်​နှစ်​ခု စီ​အ​တွက် ငွေ​ဖိ​နပ်​နှစ်​ခု​ကျ​ဖြင့်​ငွေ​ဖိ​နပ် လေး​ဆယ်​ကို​ပြု​လုပ်​ရ​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

19 ထို​ပျဉ်​ပြား​နှစ်​ဆယ်​တွင်၊ တစ်​ပြား​တစ်​ပြား​အောက်၌ ခြေ​ထောက်​နှစ်​ခု​စီ​စွပ်​စ​ရာ​ဖို့ ငွေ​ခြေ​စွပ်​လေး​ဆယ်​ကို လုပ်​ရ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ




ထွက်​မြောက်ရာ 26:19
14 ပူးပေါင်းရင်းမြစ်များ  

ဘောင်​တစ်ခု​နှင့်​တစ်ခု​ဆက်​ရန် ဘောင်​တစ်ခုစီ​၌​စရွေးတံ​နှစ်​ခု​ရှိ​ရ​မည်​။ ကိန်းဝပ်​တော်မူ​ရာ​တဲ​တော်​၏​ဘောင်​ရှိသမျှ​တို့​ကို ထို့အတူ​လုပ်​ရ​မည်​။


ကိန်းဝပ်​တော်မူ​ရာ​တဲ​တော် တောင်ဘက်​ခြမ်း​အတွက် ဘောင်​အခု​နှစ်ဆယ်​လုပ်​ရ​မည်​။


ကိန်းဝပ်​တော်မူ​ရာ​တဲ​တော်​၏​အခြား​တစ်ဖက်​ဖြစ်​သည့် မြောက်ဘက်ခြမ်း​အတွက်​လည်း ဘောင်​အခု​နှစ်ဆယ်​လုပ်​ရ​မည်​။


ထို့ကြောင့် ဘောင်​ရှစ်​ခု​ရှိ​မည်​။ ဘောင်​တစ်​ခု​အောက်​၌ အောက်ခံအစွပ်​နှစ်​ခု​၊ နောက်​ဘောင်​တစ်​ခု​အောက်​၌ အောက်ခံအစွပ်​နှစ်​ခု စသည်ဖြင့် ထို​ဘောင်​တို့​အတွက် အောက်ခံ​ငွေ​အစွပ် တစ်ဆယ့်ခြောက်​ခု​လုပ်​ရ​မည်​။


လိုက်ကာ​အတွက် ရွှေ​ချိတ်​များ​ပါရှိ​သည့် အကေရှား​သစ်သား​တိုင်​ငါး​တိုင်​ကို​လုပ်​၍ ရွှေ​ဖြင့်​မွမ်းမံ​ရ​မည်​။ တိုင်​များ​အတွက် အောက်ခံ​ကြေးနီ​အစွပ်​ငါး​ခု​ကို​လည်း သွန်းလုပ်​ရ​မည်​။


ထို​အကာ​အတွက် တိုင်​နှစ်ဆယ်​နှင့် တိုင်​အောက်ခံအစွပ်​အခု​နှစ်ဆယ်​ကို ကြေးနီ​ဖြင့်​လည်းကောင်း​၊ တိုင်​ချိတ်​နှင့်​တိုင်ထိပ်အစွပ်​တို့​ကို ငွေ​ဖြင့်​လည်းကောင်း လုပ်​ရ​မည်​။


ငွေ​တာလန်​တစ်ရာ​ဖြင့် သန့်ရှင်းရာဌာန​အတွက် အောက်ခံအစွပ်​များ​နှင့် ကန့်လန့်ကာ​အတွက် အောက်ခံအစွပ်​များ​ကို သွန်းလုပ်​၏​။ အောက်ခံအစွပ်​တစ်​ခု​လျှင် တစ်​တာလန်​၊ အောက်ခံအစွပ်​တစ်ရာ​အတွက် တာလန်​တစ်ရာ​ဖြစ်​၏​။


မောရှေ​သည် ထာဝရဘုရား​မိန့်မှာ​တော်မူ​သည့်​အတိုင်း ကိန်းဝပ်​တော်မူ​ရာ​တဲ​တော်​ကို​တည်​ရာ​တွင် အောက်ခံအစွပ်​များ​ကို​နေရာချ​၏​။ ဘောင်​များ​ကို​ထောင်​၏​။ ကန့်လန့်ကျင်​များ​ကို​လျှို​၏​။ တိုင်​များ​ကို​ထူ​၏​။


သူ့​ခြေထောက်​များ​သည် ရွှေစင်​အုတ်ခုံ​ပေါ်တွင် စိုက်ထူ​ထား​သော စကျင်ကျောက်​တိုင်​နှင့်​တူ​၏​။ သူ့​ရုပ်သွင်​သည်​လည်း အကောင်းဆုံး​သစ်ကတိုးပင်​များ​ပေါက်​ရာ လက်ဘနွန်​တောင်​နှင့်​တူ​၏​။


မေရာရိ​သားမြေး​တို့​သည် ကိန်းဝပ်​တော်မူ​ရာ​တဲ​တော်​၏​ဘောင်​များ​၊ ကန့်လန့်ကျင်​များ​၊ တိုင်​များ​၊ အောက်ခံအစွပ်​များ​၊ တန်ဆာပလာ​အားလုံး​၊ ထို​အရာ​တို့​နှင့်ဆိုင်သော​အလုပ်​ဟူသမျှ​၊


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ