ထွက်မြောက်ရာ 24:3 - မြန်မာ့စံမီသမ္မာကျမ်3 ထို့နောက် မောရှေသည် ထာဝရဘုရား၏စကားတော်အလုံးစုံတို့ကိုလည်းကောင်း၊ ပညတ်တော်မူချက်အလုံးစုံတို့ကိုလည်းကောင်း လူတို့အား လာ၍ပြောကြား၏။ လူအပေါင်းတို့ကလည်း “ထာဝရဘုရားမိန့်တော်မူသမျှစကားအတိုင်း အကျွန်ုပ်တို့ပြုပါမည်”ဟု တစ်သံတည်းပြန်ပြောကြ၏။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version3 မောရှေသည်ဣသရေလအမျိုးသားတို့ထံသို့ ပြန်လာ၍၊ ထာဝရဘုရားပညတ်သမျှနှင့် စီရင်တော်မူချက်အလုံးစုံတို့ကိုပြောကြား လေ၏။ လူအပေါင်းတို့က``အကျွန်ုပ်တို့သည် ထာဝရဘုရားမိန့်တော်မူသမျှအတိုင်း လိုက်နာဆောင်ရွက်ပါမည်'' ဟုတညီတညွတ် တည်းဆိုကြ၏။- အခန်းကိုကြည့်ပါ။Judson Bible in Zawgyi Version3 မောရှေသည်လည်း လူများတို့ရှိရာသို့လာ၍၊ ထာဝရဘုရား၏ စကားတော်အလုံးစုံကိုလည်းကောင်း၊ စီရင်တော်မူချက်အလုံးစုံကိုလည်းကောင်း ပြန်ကြား၍၊ လူများအပေါင်းကလည်း၊ ထာဝရဘုရားမိန့်တော်မူသမျှအတိုင်း အကျွန်ုပ်တို့ ပြုပါမည်ဟု တစ်သံတည်းပြန်ပြောကြ၏။ အခန်းကိုကြည့်ပါ။ |