ထွက်မြောက်ရာ 22:9 - မြန်မာ့စံမီသမ္မာကျမ်9 နွား၊ မြည်း၊ သိုး၊ အဝတ်အထည်အစရှိသည့် ပျောက်သွားသောအရာတစ်စုံတစ်ခုနှင့်ပတ်သက်သည့် ပြစ်မှုအမျိုးမျိုးတို့၌ ‘ဤအရာကား မိမိဥစ္စာဖြစ်၏’ဟူ၍ အငြင်းပွားသောသူနှစ်ဦး၏အမှုကို ဘုရားသခင်ထံ လျှောက်တင်ရမည်။ အပြစ်ရှိသည်ဟု ဘုရားသခင်က ဖော်ပြသောသူသည် မိမိအိမ်နီးချင်းအား နှစ်ဆအလျော်ပေးရမည်။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version9 ``သိုး၊ နွား၊ မြည်း၊ အဝတ်အစရှိသောပျောက် ဆုံးသည့်ပစ္စည်းကိုပိုင်ဆိုင်မှုနှင့်ပတ်သက်၍ လူနှစ်ဦးအငြင်းပွားခဲ့သည်ရှိသော်၊ ထိုသူ နှစ်ဦးတို့အားထာဝရဘုရားရှေ့တော်၌ အစစ်ခံ၍၊ တရားရှုံးသူကနှစ်ဆလျော် ရမည်။ အခန်းကိုကြည့်ပါ။Judson Bible in Zawgyi Version9 သူ့ဥစ္စာကို ပြစ်မှားသည်အမှုမှာ၊ နွား၊ မြည်း၊ သိုး၊ အဝတ်အစရှိသော ပျောက်သော ဥစ္စာတစ်စုံတစ်ခုကိုတွေ့၍၊ ဤဥစ္စာကား၊ ငါ၏ဥစ္စာဖြစ်သည်ဟု တစ်စုံတစ်ယောက်ဆိုလျှင်၊ အမှုသည်နှစ်ဦးတို့သည် ဘုရားသခင်ရှေ့တော်၌ အစစ်ခံရ၍၊ တရားရှုံးသောသူသည် နှစ်ဆလျော်ရမည်။ အခန်းကိုကြည့်ပါ။ |
မြို့အသီးသီးတွင်နေထိုင်ကြသော သင်တို့၏ညီအစ်ကိုတို့သည် အချင်းချင်းသတ်ဖြတ်မှု၊ ဥပဒေသ၊ ပညတ်ချက်၊ ပြဋ္ဌာန်းချက်၊ စီရင်ထုံးဖွဲ့ချက်စသည်တို့နှင့်ပတ်သက်သောအမှုအခင်းအလုံးစုံတို့ကို သင်တို့ထံသို့ ယူဆောင်လာလျှင် သင်တို့သည် သူတို့အား သတိပေးရမည်။ သို့မှ သူတို့သည် ထာဝရဘုရားကို မပြစ်မှားမိဘဲနေလိမ့်မည်။ သင်တို့နှင့် သင်တို့၏ညီအစ်ကိုအပေါ်အမျက်တော်မသက်ရောက်ဘဲနေလိမ့်မည်။ သင်တို့လည်း အပြစ်မပြုမိဘဲနေလိမ့်မည်။