ထွက်မြောက်ရာ 22:6 - မြန်မာ့စံမီသမ္မာကျမ်6 တစ်စုံတစ်ဦးသည် မီးရှို့ရာ ဆူးပင်များသို့ကူးပြီး ကောက်လှိုင်းကိုဖြစ်စေ၊ ကောက်ပဲသီးနှံကိုဖြစ်စေ၊ လယ်ကိုဖြစ်စေ လောင်ကျွမ်းလျှင် သူသည် မုချအလျော်ပေးရမည်။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version6 ``လူတစ်ဦးမိမိ၏လယ်ကိုမီးရှို့သည့်အခါ ပေါင်းပင်များကိုမီးစွဲလောင်၍၊ သူတစ်ပါး လယ်ထဲရှိကောက်လှိုင်းပုံများနှင့်စပါးပင် တို့ကိုမီးကူးစက်လျှင် မီးရှို့သူသည်ပျက်စီး ဆုံးရှုံးသူအတွက်လျော်စေရမည်။- အခန်းကိုကြည့်ပါ။Judson Bible in Zawgyi Version6 မီးရှို့သောအခါ မြက်ပင်ကြောင့် အစဉ်အတိုင်းလျှောက်၍လောင်လျက်၊ ကောက်လှိုင်း၊ စပါးပင်၊ လယ်၌ရှိသောအရာတို့ကို လောင်လျှင်၊ မီးရှို့သောသူသည် အမှန်လျော်ရမည်။ အခန်းကိုကြည့်ပါ။ |
နွား၊ မြည်း၊ သိုး၊ အဝတ်အထည်အစရှိသည့် ပျောက်သွားသောအရာတစ်စုံတစ်ခုနှင့်ပတ်သက်သည့် ပြစ်မှုအမျိုးမျိုးတို့၌ ‘ဤအရာကား မိမိဥစ္စာဖြစ်၏’ဟူ၍ အငြင်းပွားသောသူနှစ်ဦး၏အမှုကို ဘုရားသခင်ထံ လျှောက်တင်ရမည်။ အပြစ်ရှိသည်ဟု ဘုရားသခင်က ဖော်ပြသောသူသည် မိမိအိမ်နီးချင်းအား နှစ်ဆအလျော်ပေးရမည်။