Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ထွက်​မြောက်ရာ 21:32 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

32 နွား​သည် ကျွန်ယောက်ျား​၊ သို့မဟုတ် ကျွန်မိန်းမ​ကို​ဝှေ့​လျှင် ထို​ကျွန်​၏​သခင်​အား ငွေ​ရှယ်ကယ်​သုံးဆယ်​ပေး​ရ​မည်​။ နွား​ကို​လည်း ခဲ​နှင့်​ပေါက်သတ်​ရ​မည်​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

32 နွား​သည်​ကျွန်​ယောကျာ်း​သို့​မ​ဟုတ်​ကျွန်​မိန်း​မ တစ်​ဦး​ကို​ဝှေ့​သတ်​လျှင် နွား​ပိုင်​ရှင်​က​ကျွန် ပိုင်​ရှင်​အား​ငွေ​သား​သုံး​ဆယ်​လျော်​ကြေး​ပေး ဆောင်​ရ​မည်။ နွား​ကို​လည်း​ကျောက်​ခဲ​နှင့်​ပစ် သတ်​ရ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

32 ကျွန်​ယောက်ျား၊ ကျွန်​မိန်း​မ​ကို​ခွေ့​လျှင်​မူ​ကား၊ နွား​ရှင်​သည် ကျွန်​ရှင်​အား ငွေ​အ​ကျပ်​သုံး​ဆယ်​ကို​လျော်​ရ​မည်။ နွား​ကို​လည်း ကျောက်​ခဲ​နှင့်​ပစ်​သတ်​ရ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ




ထွက်​မြောက်ရာ 21:32
9 ပူးပေါင်းရင်းမြစ်များ  

မိဒျန်​လူမျိုး​ကုန်သည်​တို့​ဖြတ်လာ​ကြ​သောအခါ အစ်ကို​တို့​သည် ယောသပ်​ကို တွင်း​ထဲမှ​ဆွဲ​ထုတ်​၍ ငွေ​ရှယ်ကယ်​နှစ်ဆယ်​ဖြင့် ယောသပ်​ကို​ဣရှမေလ​လူမျိုး​တို့​ထံ​ရောင်း​လိုက်​၏​။ ထို​သူ​တို့​သည်​လည်း ယောသပ်​ကို အီဂျစ်​ပြည်​သို့​ခေါ်ဆောင်​သွား​ကြ​၏​။


အကယ်၍ သား​၊ သို့မဟုတ် သမီး တစ်ယောက်ယောက်​ကို​ဝှေ့​လျှင်​လည်း ဤ​စီရင်ထုံးဖွဲ့ချက်​အတိုင်း ပိုင်ရှင်​ကို စီရင်​ရ​မည်​။


တစ်စုံတစ်ဦး​သည် ဖုံးထား​သော​တွင်း​ကို​ဖွင့်​ထား​လျှင်​ဖြစ်စေ​၊ တွင်း​ကို​တူး​၍ မ​ဖုံး​ဘဲ​ထား​လျှင်​ဖြစ်စေ ထို​တွင်း​ထဲသို့ နွား​၊ သို့မဟုတ် မြည်း​တစ်ကောင်ကောင်​ကျ​လျှင်


ထို့ကြောင့် ငါ​သည် အာနသုတ်​မြို့​ရှိ ငါ့​ဘထွေး​၏​သား ဟာနမေလ​ထံ​မှ လယ်​ကို​ဝယ်ယူ​လေ​၏​။ သူ့​ကို ငွေ​တစ်ဆယ့်​ခုနစ်​ရှယ်ကယ် ချိန်​ပေး​လေ​၏​။


“ယေရှု​ကို သင်​တို့​လက်​သို့​အပ်နှံ​လျှင် သင်​တို့​သည် အကျွန်ုပ်​အား ငွေ​မည်မျှ​ပေး​မည်နည်း”​ဟု ဆို​သော် သူ​တို့​သည် ယုဒ​အား ငွေဒင်္ဂါး​သုံးဆယ်​ကို သတ်မှတ်​ပေး​ကြ​၏။


မိမိ​အသရေ​ကို​စွန့်​၍ အစေအပါး​၏​အသွင်​သဏ္ဌာန်​ကို​ဆောင်​ကာ လူ​တို့​နှင့်​တူညီ​သော​သဏ္ဌာန်​၌ ဖွားမြင်​ခြင်း​ကို​ခံ​တော်မူ​၏။ ကိုယ်တော်​သည် လူ​ကဲ့သို့သော​ပုံပန်း​သဏ္ဌာန်​၌ ပေါ်ထွန်း​တော်မူ​၍


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ