ထွက်မြောက်ရာ 18:1 - မြန်မာ့စံမီသမ္မာကျမ်1 ဘုရားသခင်က မောရှေနှင့် မိမိ၏လူမျိုးတော်အစ္စရေးတို့အား ပြုပေးခဲ့သောအရာအားလုံးနှင့် ထာဝရဘုရားက အစ္စရေးလူမျိုးတို့အား အီဂျစ်ပြည်မှ မည်သို့ထုတ်ဆောင်လာခဲ့သည်ကို မောရှေ၏ယောက္ခမ မိဒျန်ယဇ်ပုရောဟိတ်ယေသရော ကြားသိရ၏။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version1 မိဒျန်ပြည်မှယဇ်ပုရောဟိတ်ဖြစ်သူမောရှေ ၏ယောက္ခမယေသရောသည် ဣသရေလအမျိုး သားတို့ကိုအီဂျစ်ပြည်မှထုတ်ဆောင်တော်မူ ခဲ့စဉ်က မောရှေနှင့်ဣသရေလအမျိုးသား တို့အားထာဝရဘုရားမည်ကဲ့သို့ကျေးဇူး ပြုတော်မူကြောင်းကိုကြားသိရ၏။- အခန်းကိုကြည့်ပါ။Judson Bible in Zawgyi Version1 ဘုရားသခင်သည် မောရှေမှစ၍ ကိုယ်တော်၏လူ ဣသရေလအမျိုးအဖို့ ပြုတော်မူသမျှကိုလည်းကောင်း၊ ထာဝရဘုရားသည် ဣသရေလအမျိုးကိုအဲဂုတ္တုပြည်မှ နုတ်ဆောင်တော်မူကြောင်းကိုလည်းကောင်း၊ မိဒျန်ယဇ်ပုရောဟိတ်ဖြစ်သော မောရှေ၏ယောက္ခမ ယေသရောကြားသည်ရှိသော်၊ အခန်းကိုကြည့်ပါ။ |
ဤမြို့သည် ငါ့အဖို့ ဝမ်းမြောက်စရာ၊ ချီးမွမ်းစရာ၊ ဂုဏ်ပြုစရာ ဖြစ်လိမ့်မည်။ ဤမြို့အတွက် ငါပြုပေးသောကောင်းကျိုးချမ်းသာတို့ကို ကမ္ဘာမြေပေါ်ရှိ လူမျိုးအပေါင်းတို့ကြားသိကြလိမ့်မည်။ ဤမြို့ကို ကောင်းကျိုးချမ်းသာအတိ၊ ငြိမ်သက်ခြင်းအတိရှိစေသည်ကို သူတို့ အံ့ဩတုန်လှုပ်ကြလိမ့်မည်’ဟု မိန့်တော်မူ၏။
မောရှေသည် မိမိယောက္ခမဖြစ်သူ မိဒျန်လူမျိုးရွေလသား ဟောဗပ်အား “ ‘ထိုပြည်ကိုသင်တို့အား ငါပေးမည်’ဟု ထာဝရဘုရားမိန့်တော်မူခဲ့သောအရပ်သို့ အကျွန်ုပ်တို့ခရီးပြုနေကြပါ၏။ ထာဝရဘုရားသည် အစ္စရေးလူမျိုးတို့အား ကောင်းစားစေမည်ဟူသောကတိထားခဲ့သည်ဖြစ်၍ အကျွန်ုပ်တို့နှင့်အတူ လိုက်ခဲ့ပါ။ သင့်ကို ကျေးဇူးပြုပါမည်”ဟု ဆိုလေ၏။