Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ထွက်​မြောက်ရာ 17:16 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

16 မောရှေ​က “​လက်​တစ်ဖက်​သည် ထာဝရဘုရား​၏​ပလ္လင်​တော်​အပေါ် ဆန့်ထား​လျက်​ရှိ​သည်​ဖြစ်၍ ထာဝရဘုရား​သည် အာမလက်​လူ​တို့​ကို မျိုးဆက်အဆက်ဆက် စစ်တိုက်​တော်မူ​လိမ့်မည်​”​ဟု ဆို​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

16 ထို​နောက်​မော​ရှေ​က``ထာ​ဝ​ရ​ဘု​ရား​၏​အ​လံ တော်​ကို​မြှောက်​ထား​လော့။ ထာ​ဝ​ရ​ဘု​ရား​သည် အာ​မ​လက်​အ​မျိုး​သား​တို့​အား​ထာ​ဝ​စဉ် တိုက်​ခိုက်​တော်​မူ​မည်'' ဟု​ဆို​လေ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

16 အ​ကြောင်း​မူ​ကား၊ အာ​မ​လက်​လူ​မျိုး၏​လက်​သည် ထာ​ဝ​ရ​ဘု​ရား၏ ရာ​ဇ​ပ​လ္လင်​တော်၏​ရန်​ဘက်​ဖြစ်​သော​ကြောင့်၊ ထာ​ဝ​ရ​ဘု​ရား​သည် ကာ​လ​အ​စဉ်​အ​ဆက် အာ​မ​လက်​အ​မျိုး​ကို​စစ်​တိုက်​တော်​မူ​လိမ့်​မည်​ဟု ဆို​သ​တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ




ထွက်​မြောက်ရာ 17:16
5 ပူးပေါင်းရင်းမြစ်များ  

“​ထာဝရဘုရား​၏​မိန့်​တော်မူ​ချက်​မှာ ဤသို့​တည်း​။ သင်​သည် သင်​၏​သား​၊ သင်​၏​တစ်ဦးတည်း​သော​သား​ကို​ပင် ပူဇော်​ရန်​မ​ငြင်းဆို​ဘဲ ဤ​အမှု​ကို​ပြု​ခဲ့​သဖြင့် ငါ​သည် ကိုယ့်ကိုယ်ကို​တိုင်တည်​၍ ကျိန်ဆို​သည်​ကား


ထာဝရဘုရား​သည် ငါ​၏​အစွမ်းသတ္တိ​၊ ငါ​ကျူးဧရာ​တေးသီချင်း​၊ ငါ့​ကို​ကယ်တင်​သော​အရှင် ဖြစ်​တော်မူ​၏​။ ငါ​၏​ဘုရား​ဖြစ်​တော်မူ​သော ကိုယ်တော်​အား ငါ​ချီးမွမ်း​မည်​။ ငါ့​အဖ​၏​ဘုရား​ဖြစ်​တော်မူ​သော​ကိုယ်တော်​အား ငါ​ချီးမြှောက်​မည်​။


ထာဝရဘုရား​က “​ကောင်းကင်ဘုံ​သည် ငါ​၏​ပလ္လင်​ဖြစ်​၏​။ မြေကြီး​သည် ငါ​၏​ခြေတင်ခုံ​ဖြစ်​၏​။ ငါ့​အတွက် အိမ်​ကို အဘယ်မှာ​ဆောက်​မည်နည်း​။ ငါ​ကိန်းဝပ်​ရာ​အရပ်​ကား အဘယ်မှာ​နည်း​”​ဟု မိန့်​တော်မူ​၏​။


ဤသည်ကား ‘ကောင်းကင်​သည် ငါ​၏​ပလ္လင်​ဖြစ်​၏။ မြေကြီး​သည် ငါ​၏​ခြေ​တင်ခုံ​ဖြစ်​၏။ သင်​တို့​သည် မည်သို့သော​အိမ်​ကို ငါ့​အတွက်​တည်ဆောက်​ကြ​မည်နည်း။ မည်သည့်​အရပ်​သည် ငါ​နားနေရာ​အရပ်​ဖြစ်​မည်နည်း။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ