ထွက်မြောက်ရာ 14:18 - မြန်မာ့စံမီသမ္မာကျမ်18 ထိုသို့ ငါသည် ဖာရောမင်းကြီးနှင့် သူ၏စစ်ရထား၊ သူ၏မြင်းစီးသူရဲတို့အားဖြင့် ဘုန်းထင်ရှားသောအခါ ငါသည် ထာဝရဘုရားဖြစ်ကြောင်း အီဂျစ်လူမျိုးတို့သိမြင်ကြလိမ့်မည်”ဟု မိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version18 ထိုသို့ဘုရင်နှင့်သူ၏တပ်ကိုနှိမ်နင်းအောင် မြင်သဖြင့် ငါသည်ထာဝရဘုရားဖြစ် ကြောင်းအီဂျစ်အမျိုးသားတို့သိရကြ လိမ့်မည်'' ဟုမိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။Judson Bible in Zawgyi Version18 ထိုသို့ဖာရောဘုရင်နှင့် သူ၏ရထားများ၊ မြင်းစီးသူရဲများအားဖြင့် ငါ့ဘုန်းပွင့်သောအခါ၊ ငါသည်ထာဝရဘုရားဖြစ်ကြောင်းကို၊ အဲဂုတ္တုလူတို့သည် သိရကြလိမ့်မည်ဟု မောရှေအားမိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။ |
ငါသည် ဖာရောမင်းကြီး၏စိတ်နှလုံးကို မာကျောစေသဖြင့် သူသည် အစ္စရေးအမျိုးသားတို့နောက်သို့လိုက်လိမ့်မည်။ ဖာရောမင်းကြီးနှင့် သူ၏စစ်သည်အပေါင်းတို့အားဖြင့် ငါ၏ဘုန်းထင်ရှားလိမ့်မည်။ ထိုအခါ ငါသည် ထာဝရဘုရားဖြစ်ကြောင်း အီဂျစ်လူမျိုးတို့သည် သိမြင်ကြလိမ့်မည်”ဟု မိန့်ဆိုတော်မူ၏။ သူတို့သည်လည်း ထိုအတိုင်းပြုကြ၏။
မိုးတိမ်သည် မြေပြင်ကိုလွှမ်းမိုးသကဲ့သို့ သင်သည် ငါ့လူမျိုးတော်အစ္စရေးတို့ကိုတိုက်ခိုက်ရန် စစ်ချီလာမည်။ အို ဂေါဂမင်းကြီး၊ နောင်ကာလတွင် ငါ၏ပြည်တော်ကို တိုက်ခိုက်ရန် သင့်ကို ငါစစ်ချီစေ၍ ငါသန့်ရှင်းကြောင်းကို သင့်အားဖြင့် လူမျိုးတကာတို့ရှေ့တွင် ထင်ရှားစေသောအခါ သူတို့သည် ငါ့ကိုသိကြလိမ့်မည်’ဟု မိန့်တော်မူ၏။