Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ထွက်​မြောက်ရာ 13:8 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

8 သင်​တို့​သည် ထို​နေ့​၌ သင်​တို့​၏​သားမြေး​များ​အား ‘​အီဂျစ်​ပြည်​မှ ငါ​တို့​ထွက်လာ​သောအခါ ငါ​တို့​အတွက် ထာဝရဘုရား​ပြု​တော်မူ​ခဲ့​သော​အမှု​ကြောင့် ဤသို့​ပြု​ခြင်း​ဖြစ်​၏​’​ဟူ၍ ကြားပြော​ရ​မည်​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

8 ထို​ပွဲ​တော်​စ​တင်​ကျင်း​ပ​သော​နေ့​တွင်​သင် ၏​သား​တို့​အား`အီ​ဂျစ်​ပြည်​မှ​ငါ​တို့​ထွက် ခွာ​လာ​စဉ်​က ထာ​ဝ​ရ​ဘု​ရား​ပြု​တော်​မူ သော​ကျေး​ဇူး​တော်​ကို​အောက်​မေ့​သည့်​အ​ထိမ်း အ​မှတ်​ပွဲ​တော်​ဖြစ်​သည်' ဟု​ရှင်း​ပြ​ရ​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

8 ငါ​တို့​သည် အဲ​ဂု​တ္တု​ပြည်​မှ​ထွက်​သော​ကာ​လ၊ ထာ​ဝ​ရ​ဘု​ရား​ပြု​တော်​မူ​သော ကျေး​ဇူး​တော်​ကြောင့်​ဤ​သို့​ပြု​ရ၏​ဟု ထို​နေ့​၌​သား​မြေး​တို့​အား ကြား​ပြော​ရ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ




ထွက်​မြောက်ရာ 13:8
9 ပူးပေါင်းရင်းမြစ်များ  

အို ဘုရားသခင်​၊ အကျွန်ုပ်​တို့​၏​ဘိုးဘေး​တို့​က သူ​တို့​လက်ထက် ရှေး​ကာလ​၌ ကိုယ်တော်​ပြု​တော်မူ​သော​အမှု​ကို အကျွန်ုပ်​တို့​အား​ပြောပြ​ကြ​၍ အကျွန်ုပ်​တို့​၏​နား​ဖြင့် ကြား​ရ​ကြ​ပါ​၏​။


အီဂျစ်​လူမျိုး​တို့​ကို ငါ​အပြင်းအထန်​ဒဏ်ခတ်​ခဲ့​သော​အမှု​များ​၊ သူ​တို့​အား ငါ​ပြ​ခဲ့​သော နိမိတ်လက္ခဏာ​များ​ကို သင်​တို့​သည် သင်​တို့​၏​သား​မြေး​များ​အား ပြောကြား​၍ ငါ​သည် ထာဝရဘုရား​ဖြစ်ကြောင်း​ကို သင်​တို့​သိရှိ​စေရန် သူ​တို့​၏​စိတ်နှလုံး​ကို ငါ​ခိုင်မာ​စေ​ပြီ​”​ဟု မိန့်​တော်မူ​၏​။


နောင်ကာလ​၌ သင်​တို့​၏​သား​များ​က ‘​ဤ​အမှု​ကား မည်သို့​ဆိုလို​သနည်း​’​ဟု သင်​တို့​အား မေးမြန်း​ကြ​သောအခါ သင်​တို့​က​လည်း ‘​ထာဝရဘုရား​သည် အားကြီး​သော​လက်​တော်​ဖြင့် ငါ​တို့​ကို ကျွန်ခံ​ရာ​အိမ်​အီဂျစ်​ပြည်​မှ ထုတ်ဆောင်​တော်မူ​ခဲ့​၏​။


ယနေ့ ကိုယ်တော်​၏​ကျေးဇူး​တော်​ကို အကျွန်ုပ်​ချီးမွမ်း​သကဲ့သို့ အသက်ရှင်​သော​သူ​သာလျှင် ပြု​နိုင်​ပါ​၏​။ ဖခင်​သည် သားသမီး​တို့​အား ကိုယ်တော်​၏​သစ္စာ​တော်​ကို သိ​စေ​ပါ​၏​။


ဖခင်​တို့၊ သင်​တို့​၏​သားသမီး​များ​ကို မခံမရပ်နိုင်​ဖြစ်​အောင် မ​ပြု​ကြ​နှင့်။ သခင်​ဘုရား​၏​ဆုံးမ​ပဲ့ပြင်​ခြင်း​နှင့်​သတိပေး​ခြင်း​တို့​အတိုင်း သူ​တို့​ကို ပြုစု​ပျိုးထောင်​ကြ​လော့။


နောင်ကာလ​၌ သင်​တို့​၏​သားသမီး​များ​က ‘​အကျွန်ုပ်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​က သင်​တို့​အား​မိန့်မှာ​ထား​သည့် သက်သေခံချက်​၊ ပြဋ္ဌာန်းချက်​၊ စီရင်ထုံးဖွဲ့ချက် တို့​ကား မည်သို့နည်း​’​ဟု မေးမြန်း​သောအခါ


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ