ထွက်မြောက်ရာ 13:21 - မြန်မာ့စံမီသမ္မာကျမ်21 နေ့အချိန်၌ဖြစ်စေ၊ ညအချိန်၌ဖြစ်စေ ခရီးသွားနိုင်မည့်အကြောင်း ထာဝရဘုရားသည် လမ်းခရီးတွင် သူတို့ကိုပို့ဆောင်ရန် နေ့အချိန်၌ မိုးတိမ်တိုင်အဖြစ်လည်းကောင်း၊ ညအချိန်၌ သူတို့ကိုအလင်းပေးရန် မီးတိုင်အဖြစ်လည်းကောင်း သူတို့၏ရှေ့မှ ကြွတော်မူ၏။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version21 နေ့နှင့်ညအချိန်တွင်သူတို့အားလမ်းပြရန် ထာဝရဘုရားသည်နေ့အချိန်၌မိုးတိမ် တိုင်အဖြစ်ဖြင့်လည်းကောင်း၊ ညအချိန်၌ အလင်းရောင်ပေးရန်မီးတိုင်အဖြစ်ဖြင့် လည်းကောင်း သူတို့၏ရှေ့ကကြွတော်မူ၏။- အခန်းကိုကြည့်ပါ။Judson Bible in Zawgyi Version21 သူတို့သည်နေ့ညသွားနိုင်အောင် ထာဝရဘုရားသည်နေ့၌ကား၊ လမ်းပြဖို့ မိုးတိမ်တိုင်အားဖြင့်လည်းကောင်း၊ ည၌ကား၊ အလင်းပေးဖို့မီးတိုင်အားဖြင့်လည်းကောင်း၊ သူတို့ရှေ့ကကြွတော်မူ၏။ အခန်းကိုကြည့်ပါ။ |
ဤပြည်၌နေထိုင်သောသူတို့အား ပြောပြကြပါလိမ့်မည်။ အို ထာဝရဘုရား၊ ကိုယ်တော်သည် ဤလူမျိုးအလယ်၌ ရှိတော်မူကြောင်းကိုလည်းကောင်း၊ အို ထာဝရဘုရား၊ သူတို့သည် ကိုယ်တော်ကို ကိုယ်တိုင်မြင်ရ၍ ကိုယ်တော်၏မိုးတိမ်သည် သူတို့အပေါ်၌တည်လျက် နေ့အချိန်၌ မိုးတိမ်တိုင်၊ ညအချိန်၌ မီးတိုင်အားဖြင့် ကိုယ်တော်သည် သူတို့၏ရှေ့မှ ကြွတော်မူကြောင်းကိုလည်းကောင်း ဤပြည်သားတို့ကြားထားကြပါပြီ။