ထွက်မြောက်ရာ 13:16 - မြန်မာ့စံမီသမ္မာကျမ်16 ထာဝရဘုရားသည် အားကြီးသောလက်တော်ဖြင့် ငါတို့ကို အီဂျစ်ပြည်မှ ထုတ်ဆောင်တော်မူသောကြောင့် ဤအမှုသည် သင်တို့၏လက်၌ အမှတ်လက္ခဏာ၊ သင်တို့၏မျက်မှောင်၌ အမှတ်သင်္ကေတအဖြစ် ရှိရမည်”ဟု ပြောကြားလေ၏။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version16 ထာဝရဘုရားသည်မဟာတန်ခိုးတော် ဖြင့် ငါတို့ကိုအီဂျစ်ပြည်မှထုတ်ဆောင်ခဲ့ ခြင်းကြောင့် ဤပွဲတော်သည်သင်၏လက်သို့ မဟုတ်သင်၏နဖူးပေါ်တွင်ချည်ထားသော အမှတ်လက္ခဏာသဖွယ် သင်တို့အားသတိ ရစေလိမ့်မည်' ဟုပြန်ပြောရမည်'' ဟူ၍ ပြောဆိုလေ၏။ အခန်းကိုကြည့်ပါ။Judson Bible in Zawgyi Version16 ဤအရာသည်လည်း၊ သင်၏လက္ခဏာသက်သေ၊ သင်၏မျက်စိကြားမှာ သင်းကျစ်ဖြစ်ရမည်။ အကြောင်းမူကား၊ ထာဝရဘုရားသည် အားကြီးသောလက်တော်ဖြင့် ငါတို့ကို အဲဂုတ္တုပြည်မှ နုတ်ဆောင်တော်မူပြီဟု လူများတို့အားပြောဆိုလေ၏။ အခန်းကိုကြည့်ပါ။ |
သင်သည် အီဂျစ်ပြည်၌ ကျွန်ဖြစ်ခဲ့ကြောင်းကိုလည်းကောင်း၊ သင်၏ဘုရားသခင်ထာဝရဘုရားသည် အားကြီးသောလက်နှင့် လက်ရုံးတော်ကိုဆန့်လျက် သင့်အား ထိုပြည်မှထုတ်ဆောင်တော်မူခဲ့ကြောင်းကိုလည်းကောင်း အောက်မေ့လော့။ ထိုအကြောင်းကြောင့် ဥပုသ်နေ့ကိုစောင့်ထိန်းရန် သင်၏ဘုရားသခင်ထာဝရဘုရားသည် သင့်အားမိန့်မှာတော်မူခဲ့ခြင်းဖြစ်၏။