Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ထွက်​မြောက်ရာ 12:5 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

5 သင်​တို့​ယူ​သော​အကောင်​သည် အပြစ်အနာအဆာကင်း​သော တစ်နှစ်သားအရွယ်​အထီး​ဖြစ်​ရ​မည်​။ သိုး​၊ သို့မဟုတ် ဆိတ်​တို့​ထဲမှ ယူ​နိုင်​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

5 သင်​တို့​သည်​သိုး​သို့​မ​ဟုတ်​ဆိတ်​ကို​ရွေး​ယူ နိုင်​သည်၊ သို့​သော်​ထို​တိ​ရစ္ဆာန်​သည်​အ​ပြစ်​အ​နာ ကင်း​သော​တစ်​နှစ်​သား​အ​ထီး​ဖြစ်​ရ​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

5 သိုး​သ​ငယ်​ဖြစ်​စေ၊ ဆိတ်​သ​ငယ်​ဖြစ်​စေ၊ သင်​တို့​ယူ​သော​အ​ကောင်​သည် အ​ပြစ်​မ​ပါ၊ အ​ခါ​လည်​သော အ​ထီး​ဖြစ်​ရ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ




ထွက်​မြောက်ရာ 12:5
14 ပူးပေါင်းရင်းမြစ်များ  

အကယ်၍ မိသားစု​နည်း​သဖြင့် သိုးသငယ်​တစ်​ကောင်​ကို စားမကုန်​လျှင် သူ​သည် အနီးဆုံး​အိမ်နီးချင်း​နှင့်​ပေါင်း​၍ လူ​ဦးရေ​အလိုက် မိမိ​တို့​အသီးသီး​စား​နိုင်​သည့်​ပမာဏ​နှင့်အညီ သိုးသငယ်​တစ်​ကောင်​ကို ချိန်ဆ​ပြီး​ယူ​ရ​မည်​။


သူ​သည် သိုးဆိတ်​များ​ထဲမှ သိုး​ကို​ဖြစ်စေ​၊ ဆိတ်​ကို​ဖြစ်စေ မီးရှို့ရာယဇ်​အဖြစ် ပူဇော်​လို​လျှင် အပြစ်အနာအဆာကင်း​သော​အထီး​ကို ပူဇော်​ရ​မည်​။


သူ​သည် နွား​ကို မီးရှို့ရာယဇ်​အဖြစ်​ပူဇော်​လို​လျှင် အပြစ်အနာအဆာကင်း​သော​နွား​ထီး​ကို ပူဇော်​ရ​မည်​။ ထာဝရဘုရား လက်ခံ​တော်မူ​မည့်​အကြောင်း ထို​နွား​ကို တွေ့ဆုံစည်းဝေးရာ​တဲ​တော်​အဝင်ဝ​၌ ပူဇော်​ရ​မည်​။


သီးနှံအစည်း​ကို ချီလွှဲ​သော​နေ့​၌ အပြစ်အနာအဆာကင်း​သော တစ်နှစ်သားအရွယ် သိုးသငယ်​တစ်​ကောင်​ကို ထာဝရဘုရား​ထံ မီးရှို့ရာယဇ်​အဖြစ် ပူဇော်​ရ​မည်​။


“​သိုးအုပ်​ထဲတွင် သိုးထီး​ရှိ​လျက်​၊ ကတိသစ္စာ​လည်း ပြု​လျက်​နှင့်ပင် ဘုရားရှင်​အား အနာအဆာ​ရှိ​သော​သိုး​ကို​ပူဇော်​သော​သူ​သည် ကျိန်​ခြင်း​ကို ခံ​သင့်​၏​။ အကြောင်းမူကား ငါ​သည် ဘုန်းကြီး​သော​ရှင်ဘုရင်​ဖြစ်​၏​။ ငါ့​နာမ​သည်​လည်း လူမျိုးတကာ​တို့​တွင် ကြောက်ရွံ့ဖွယ်​ဖြစ်​၏​”​ဟု ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား မိန့်​တော်မူ​၏​။


မီးရှို့ရာယဇ်​အတွက် နွားအုပ်​ထဲမှ နွားထီး​ပျို​တစ်​ကောင်​၊ သိုးထီး​တစ်​ကောင်​၊ တစ်နှစ်သားအရွယ် သိုးသငယ်​တစ်​ကောင်​၊


မီးရှို့ရာယဇ်​အတွက် နွားအုပ်​ထဲမှ နွားထီး​ပျို​တစ်​ကောင်​၊ သိုးထီး​တစ်​ကောင်​၊ တစ်နှစ်သားအရွယ် သိုးသငယ်​တစ်​ကောင်​၊


နွား​၊ သိုး​တို့​၏​ကိုယ်ခန္ဓာ​၌ ဆိုးရွား​သော​အနာအဆာ​တစ်စုံတစ်ရာ​ရှိ​လျှင် သင်​၏​ဘုရားသခင်​ထာဝရဘုရား​အား မ​ပူဇော်​ရ​။ ထို​အမှု​ကို သင်​၏​ဘုရားသခင်​ထာဝရဘုရား စက်ဆုပ်ရွံရှာ​တော်မူ​၏​။


ထိုသို့​သန့်ရှင်း​၍ အပြစ်​နှင့်​ညစ်ညူး​ခြင်း​တို့​ကင်းစင်​လျက် အပြစ်သား​တို့​နှင့်​ခွဲခြား​ထား​ခြင်း​ခံရ​ကာ ကောင်းကင်​တို့​ထက် မြင့်မား​စွာ​ချီးမြှောက်​ခြင်း​ခံရ​သော ယဇ်ပုရောဟိတ်​မင်း​သည် ငါ​တို့​အတွက်​သင့်လျော်​ပေ​၏။


ရှောလု​သည် တစ်နှစ်​ခန့်​ဘုရင်​ဖြစ်လာ​ပြီး အစ္စရေး​လူမျိုး​ကို နှစ်​နှစ်​ခန့်​အုပ်စိုး​ပြီး​သောအခါ


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ