Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ထွက်​မြောက်ရာ 10:14 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

14 အလွန်​များပြား​သော​ကျိုင်းကောင်​များ​သည် အီဂျစ်​ပြည်​တစ်ပြည်လုံး​ပေါ်သို့ တက်လာ​၍ အီဂျစ်​ပြည်​တစ်လျှောက်လုံး​တွင် နား​နေ​ကြ​၏​။ ထိုကဲ့သို့သော​ကျိုင်းကောင်​များ​သည် ယခင်​က​လည်း​မ​ရှိ​စဖူး​၊ နောင်တွင်​လည်း ရှိ​လိမ့်မည်​မ​ဟုတ်​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

14 ကျိုင်း​ကောင်​တို့​သည်​အုပ်​လိုက်​ရောက်​ရှိ​လာ ၍ တစ်​ပြည်​လုံး​ပေါ်​သို့​ရောက်​လေ​၏။ ထို​မျှ လောက်​များ​ပြား​သော​ကျိုင်း​ကောင်​အုပ်​များ သည်​ရှေး​ကာ​လ​က​မ​ပေါ်​စ​ဖူး၊ နောင် အ​ခါ​၌​လည်း​ပေါ်​မည်​မ​ဟုတ်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

14 ထို​ကျိုင်း​တို့​သည် အဲ​ဂု​တ္တု​ပြည်​လုံး​ကို​လွှမ်း​မိုး၍၊ ပြည်​နယ်​နိ​မိတ်​ရှိ​သ​မျှ​အ​ပေါ်​မှာ နား​သ​ဖြင့် အ​လွန်​များ​ပြား​ကြ၏။ ထို​သို့​သော ကျိုင်း​တို့​သည် ရှေး​က​မ​ဖြစ်​စ​ဖူး၊ နောက်၌​လည်း​မ​ဖြစ်​ရ​လ​တ္တံ့။

အခန်းကိုကြည့်ပါ။ ကော်ပီ




ထွက်​မြောက်ရာ 10:14
13 ပူးပေါင်းရင်းမြစ်များ  

ပြည်​တော်​တွင် ငတ်မွတ်​ခြင်း​ဘေး​၊ ကပ်ရောဂါ​ဘေး ကျရောက်​သောအခါ​၊ လောင်မီးပိုး​၊ မှိုရောဂါ​၊ ကျိုင်းကောင်​၊ နှံကောင်​တို့​ကျ​သောအခါ​၊ ပြည်​တော်​၏​မြို့​တံခါး​တို့​တွင် ရန်သူ​တို့​ဝိုင်းလာ​သောအခါ​၊ ဘေးဒဏ်​တစ်စုံတစ်ရာ​၊ အနာရောဂါ​တစ်စုံတစ်ရာ ဖြစ်​သောအခါ


သူ​တို့​၏​အသီးအနှံ​ကို နှံကောင်​တို့​အား​လည်းကောင်း​၊ သူ​တို့​လုပ်ဆောင်​ရရှိ​သော​အရာ​ကို ကျိုင်းကောင်​တို့​အား​လည်းကောင်း ပေး​တော်မူ​၏​။


အီဂျစ်​ပြည်​တစ်ပြည်လုံး​၌ ထိုကဲ့သို့​မ​ဖြစ်​စဖူး​၊ နောက်တစ်ဖန်​လည်း ထိုကဲ့သို့​ဖြစ်​မည်​မ​ဟုတ်​သည့် ပြင်းစွာ​အော်ဟစ်ငိုကြွေး​ခြင်း​ဖြစ်​လိမ့်မည်​’​ဟု မိန့်​တော်မူ​၏​။


အီဂျစ်​ပြည်​တည်​ချိန်​မှစ၍ ယခု​တိုင်အောင် မ​ဖြစ်​ခဲ့​ဖူး​သော မိုးသီး​သည်းထန်​စွာ​ရွာကျ​ခြင်း​ကို မနက်ဖြန် ဤ​အချိန်​တွင် ငါ​ဖြစ်​စေ​မည်​။


ဘုရင်​မ​ရှိ​သော်လည်း တစ်စုတစ်ပေါင်း​တည်း စီတန်း​သွားလာ​တတ်​သော​ကျိုင်းကောင်​များ​နှင့်


ငါ့​စပျစ်ပင်​ကို ချိုးဖဲ့​ပြီး ငါ့​သဖန်းပင်​တို့​ကို ဖျက်ဆီး​ပစ်​လေ​ပြီ​။ ပြောင်တလင်းခါ​အောင်​ခွာ​ပြီး လွှင့်ပစ်​လေ​ပြီ​။ အခက်​များ​လည်း ဖြူခါပြာခါကျ​လေ​ပြီ​။


သင်​သည် လယ်ယာ​၌​မျိုးစေ့​များစွာ​ကြဲ​သော်လည်း ကျိုင်းကောင်​စား​သောကြောင့် အနည်းငယ်​သာ စုသိမ်း​ရ​လိမ့်မည်​။


သင့်​အပင်​၊ သင့်​မြေ​အသီးအနှံ​ရှိသမျှ​တို့​ကို ကျိုင်းကောင်​အုပ်​ကြီး ဖျက်ဆီး​လိမ့်မည်​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ