ဧသတာ 9:30 - မြန်မာ့စံမီသမ္မာကျမ်30 မော်ဒကဲသည် အာရွှေရုမင်းကြီးပိုင် ပြည်ထောင်တစ်ရာနှစ်ဆယ့်ခုနစ်ပြည်ရှိ ဂျူးလူမျိုးအပေါင်းတို့ထံသို့ မေတ္တာစကားနှင့် သစ္စာစကားဖြင့် စာပေးပို့လိုက်၏။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version30 ထိုစာမိတ္တူကိုပေရသိအင်ပါယာနိုင်ငံ တော်အတွင်းတစ်ရာ့နှစ်ဆယ်ခုနစ်ပြည်နယ် များရှိယုဒအမျိုးသားအပေါင်းတို့ထံ ပေးပို့လေသည်။ ထိုစာတွင်ယုဒအမျိုး သားတို့အားဘေးရန်ကင်း၍အေးချမ်း စေကြောင်းဆုမွန်တောင်းပြီးနောက်၊- အခန်းကိုကြည့်ပါ။Judson Bible in Zawgyi Version30-31 ယုဒအမျိုးသား မော်ဒကဲနှင့် မိဖုရားဧသတာမှာထား၍၊ ယုဒလူတို့သည် ကိုယ်အဖို့နှင့် သားစဉ်မြေးဆက်အဖို့ စီရင်သည်အတိုင်း၊ ချိန်းချက်သော အချိန်၌ အစာရှောင်ခြင်း၊ ဆုတောင်းခြင်းနှင့်တကွ ပုရနေ့တို့ကို အမြဲစောင့်စေခြင်းငှာ၊ အာရွှေရုနိုင်ငံတော်တွင် တိုင်းပြည် တစ်ရာနှစ်ဆယ်ခုနစ်ပြည်၌ရှိသော ယုဒလူအပေါင်းတို့ နေရာသို့ ငြိမ်သက်စေသော သစ္စာစကားနှင့် ထိုမှာစာကို မော်ဒကဲပေးလိုက်လေ၏။ အခန်းကိုကြည့်ပါ။ |
သိဝန်ဟုခေါ်သော တတိယလ၊ နှစ်ဆယ့်သုံးရက်နေ့တွင် ရှင်ဘုရင်၏စာရေးတော်များကို ဆင့်ခေါ်၍ အိန္ဒိယပြည်မှ အီသီယိုးပီးယားပြည်တိုင်အောင် ပြည်ထောင်တစ်ရာနှစ်ဆယ့်ခုနစ်ပြည်၌ရှိသော ဂျူးလူမျိုးများ၊ အုပ်ချုပ်ရေးအရာရှိများ၊ ဘုရင်ခံများနှင့် အကြီးအကဲများထံသို့ အမိန့်စာကိုရေးသားပေးပို့စေ၏။ ထိုစာကို ဒေသအလိုက် သူ့စာပေ၊ လူမျိုးအလိုက်သူ့ဘာသာစကားဖြင့်လည်းကောင်း၊ ဂျူးလူမျိုးအတွက်လည်း သူ့စာပေ၊ သူ့ဘာသာစကားဖြင့်လည်းကောင်း မော်ဒကဲပြောကြားသမျှအတိုင်း ရေးသား၏။
ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက “စတုတ္ထလအစာရှောင်ခြင်း၊ ပဉ္စမလအစာရှောင်ခြင်း၊ သတ္တမလအစာရှောင်ခြင်း၊ ဒသမလအစာရှောင်ခြင်းတို့သည် ယုဒအမျိုးအနွယ်အဖို့ ရွှင်လန်းဝမ်းမြောက်ဖွယ်ရာ၊ ပျော်ရွှင်ဖွယ်ရာပွဲတော်များ ဖြစ်လိမ့်မည်။ ထို့ကြောင့် သစ္စာရှိခြင်း၊ ငြိမ်းချမ်းခြင်းတို့ကို မြတ်နိုးကြလော့”ဟု မိန့်တော်မူ၏။