ဧသတာ 9:27 - မြန်မာ့စံမီသမ္မာကျမ်27 ဂျူးလူမျိုးတို့ကိုယ်တိုင်မှစ၍ သားစဉ်မြေးဆက်အပါအဝင် သူတို့နှင့်ပူးပေါင်းလာသူအပေါင်းတို့သည် ထိုစာပါသတ်မှတ်ထားသောအချိန်ရောက်တိုင်း ထိုနေ့ရက်နှစ်ရက်တွင် ပွဲတော်ကို မပျက်မကွက် နှစ်စဉ်ကျင်းပကြမည်ဟု အတည်ပြုသဘောတူခဲ့ကြ၏။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version27 ယုဒအမျိုးသားများသည်မိမိတို့ကိုယ် တိုင်သာမက သားမြေးများနှင့်ယုဒဘာသာ သို့ကူးပြောင်းလာသူများအတွက် ထုံးတမ်းစဉ် လာတစ်ရပ်အနေဖြင့်နှစ်စဉ်နှစ်တိုင်းအချိန် ကျသောအခါ ဆိုခဲ့သောနှစ်ရက်ကိုမော်ဒကဲ ၏ညွှန်ကြားချက်များနှင့်အညီကျင်းပရန် သော်လည်းကောင်း၊- အခန်းကိုကြည့်ပါ။Judson Bible in Zawgyi Version27 ယုဒလူတို့သည် ကိုယ်တိုင်မှစ၍ သားမြေး၊ ဘာသာဝင်သူ အပေါင်းတို့နှင့်တကွ၊ မော်ဒကဲမှာစာ၌ စီရင်ထုံးဖွဲ့သည်အတိုင်း၊ ထိုနေ့ နှစ်ရက်ကို နှစ်တိုင်းအစဉ်မပြတ် စောင့်မည်အကြောင်း၊ အခန်းကိုကြည့်ပါ။ |
လူများစွာတို့သည်လာကြ၍ “လာကြလော့။ ထာဝရဘုရား၏တောင်တော်၊ ယာကုပ်၏ဘုရားသခင့်အိမ်တော်သို့ တက်ကြကုန်စို့။ ကိုယ်တော်သည် မိမိ၏နည်းလမ်းတော်တို့ကို ငါတို့အားသွန်သင်တော်မူ၍ ငါတို့သည် ကိုယ်တော်၏လမ်းတော်၌ လျှောက်လှမ်းကြမည်”ဟု ဆိုကြလိမ့်မည်။ ပညတ်တရားသည် ဇိအုန်တောင်မှ ထွက်ပေါ်လာလိမ့်မည်။ ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ဂျေရုဆလင်မြို့မှ ထွက်ပေါ်လာလိမ့်မည်။
သင်တို့အတွက်ဖြစ်စေ၊ သင်တို့တွင်တည်းခိုနေထိုင်သောတိုင်းတစ်ပါးသားအတွက်ဖြစ်စေ လူအစုအဝေးအတွက်ပြဋ္ဌာန်းချက်သည် တစ်မျိုးတည်းဖြစ်ရမည်။ ဤသည်ကား သင်တို့မျိုးဆက်အစဉ်အဆက်အစဉ်အမြဲလိုက်နာရမည့် ပြဋ္ဌာန်းချက်ဖြစ်၏။ ထာဝရဘုရားရှေ့တော်၌ သင်တို့နှင့်တိုင်းတစ်ပါးသားတို့သည် အတူတူဖြစ်ရမည်။