ဧသတာ 9:13 - မြန်မာ့စံမီသမ္မာကျမ်13 ဧသတာကလည်း “အရှင်မင်းကြီးစိတ်တော်နှင့်တွေ့လျှင် ယနေ့အမိန့်စာအတိုင်း ရှုရှန်မြို့ရှိဂျူးလူမျိုးတို့ ပြုသကဲ့သို့ နက်ဖြန်နေ့၌လည်း ပြုခွင့်ပေးတော်မူပါ။ ဟာမန်၏သားဆယ်ယောက်တို့ကိုလည်း သစ်တိုင်၌ ဆွဲထားခွင့်ပြုတော်မူပါ”ဟု လျှောက်တင်၏။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version13 ဧသတာက``အရှင်မင်းကြီးသဘောတူ တော်မူပါလျှင်ယနေ့ရှုရှန်မြို့တွင်ယုဒ အမျိုးသားများပြုခဲ့သည့်အတိုင်းနက် ဖြန်ခါ၌လည်းပြုခွင့်ပေးတော်မူပါ။ ထို နောက်ဟာမန်၏သားတစ်ကျိပ်၏အလောင်း များကိုလည်ဆွဲတိုင်တွင်ဆွဲထားစေတော် မူပါ'' ဟုပြန်လည်လျှောက်ထား၏။- အခန်းကိုကြည့်ပါ။Judson Bible in Zawgyi Version13 ဧသတာက၊ အရှင်မင်းကြီး အလိုတော်ရှိလျှင်၊ ရှုရှန်မြို့၌ရှိသော ယုဒလူတို့သည် ယနေ့ အမိန့်တော်အတိုင်း နက်ဖြန်နေ့၌လည်း ပြုရမည်အကြောင်း၊ ဟာမန်သားတစ်ကျိပ်ကိုလည်း လည်ဆွဲချတိုင်၌ ဆွဲထားရမည် အကြောင်း အမိန့်ရှိတော်မူပါဟု လျှောက်သည်အတိုင်း၊ အခန်းကိုကြည့်ပါ။ |
ထိုစာတွင် ရှင်ဘုရင်က မြို့ရွာအသီးသီးရှိ ဂျူးလူမျိုးတို့သည် စုရုံး၍ ကိုယ့်အသက်ကိုကာကွယ်ရန်နှင့် ဂျူးလူမျိုးတို့ကိုရန်ပြုသည့် မည်သည့်လူမျိုး၊ မည်သည့်ဒေသမှစစ်သည်တို့ကိုမဆို သူတို့နှင့် သူတို့၏မိန်းမများ၊ သူတို့၏ကလေးများပါမကျန် လွတ်လမ်းမရှိ သုတ်သင်ပယ်ရှင်းပစ်၍ သူတို့၏ဥစ္စာပစ္စည်းများကိုလည်း သိမ်းယူရန် ခွင့်ပြု၏။